သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲ ငပလီ လေဆိပ်နဲ့ ဘေးလွတ်ရာ ထွက်ပြေးနေ ရတဲ့ ရခိုင်ဒေသခံတွေ ရဲ့ အခြေအနေ


Rakhine people are leaving their town due to intense fighting between the Arakan Army and the junta troops. (June 24, 2024) Facebook/ Tay Zein Da
Rakhine people are leaving their town due to intense fighting between the Arakan Army and the junta troops. (June 24, 2024) Facebook/ Tay Zein Da

ရခိုင် တောင်ပိုင်း သံတွဲက ကမ္ဘာကျော်ကမ်းခြေရှိနေတဲ့ ငပလီ လေဆိပ်အပါအ၀င် အနီးအနားမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၅၆၆) တပ်ရင်းနဲ့ ငပလီသံတွဲလမ်းဆုံမှာရှိတဲ့ ခလရ (၅၅) တပ်ရင်းကို မနေ့ တနင်္ဂနွေနေ့က အာရက္ခတပ်တော် AAဘက်က သိမ်းပိုက်လိုက်တယ်လို့ ငပလီ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
အခုလို AA ဘက်က အလုံအရင်းနဲ့ သိမ်းပိုက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော AA ဘက်ကပါ ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဗွီအိုအေအနေနဲ့ နှစ်ဘက်လုံးဘက်ကို ဆက်သွယ်မေးမြန်းပြီး တုံ့ပြန်ချက်တွေကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

ဒေသတွင်းသတင်းတွေမှာတော့ ငပလီလေဆိပ်ကို AA ဘက်ကသိမ်းပိုက်ထားကြောင်း သံတွဲဒေသအရင်းအမြစ်တွေကို ကိုးကား ဖေါ်ပြထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ငပလီကမ်းခြေတလျောက် နှစ်ဘက်အပြန်အလှန် ပစ်ခတ်သံ တွေမရှိ တော့ပဲ လက်နက်ကြီးသံတချို့ ကြားနေရသလို စစ်ကောင်လေတပ်ကလည်း လေယာဉ်တွေ ပျံသန်းနေတာတွေ့ရတယ်လို့ ငပလီဒေ သခံတဦး ကနောက်ဆုံးအခြေအနေကို ဗွီအိုအေကို ပြောပါတယ်။

လက်ရှိမှာတော့ ငလပီကမ်းခြေတလျောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတော်တော်များ များကတော့ ရတဲ့ နည်းလမ်းတွေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြသလို ငွေကြေးမ တတ်နိုင်တာတွေကြောင့် မြို့တွင်း ပိတ်မိနေတာတွေလည်းရှိနေတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ဘက်က လနဲ့ချီထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အားထားအရဆုံး တောဟိန်းတောင်ဗျူဟာကုန်းကိုလည်း သိမ်းပိုက်လိုက်ပြီလို့ AA နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဗွီအိုအေကို အတည်ပြုပါတယ်။ စစ်ကောင်စီဘက်ကတော့ တောဟိန်းတောင်ဗျူဟာကုန်း အခြေအနေ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်နေရဆဲဖြစ်တယ်လို့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

Forum

XS
SM
MD
LG