သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မြန်မာအလုပ်သမား ၁၀၀ ကျော်အဖမ်းခံရ


မလေးရှားနိုင်ငံအတွင်းတရားမဝင်အလုပ်သမားများကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားစဉ် (ဇွန် ၂၅၊ ၂၀၂၄)
မလေးရှားနိုင်ငံအတွင်းတရားမဝင်အလုပ်သမားများကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားစဉ် (ဇွန် ၂၅၊ ၂၀၂၄)

မလေးရှားနိုင်ငံ ကလန်းမြို့ ဘက်မှာ ဇွန်လ ၂၃ရက်နေ့ကပြုလုပ်ခဲ့တဲ့ အော်ပရာစီစစ်ဆင်ရေးအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၁၇၀၀ လောက်ဖမ်းဆီးခံခဲ့ရာမှာ မြန်မာ အယောက် ၁၂၀ လောက်ပါ၀င်ခဲ့ ပါတယ်။

မြန်မာတွေ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မလေးရှားအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူဦးစိုးထက်သိန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကလန်းဘက်မှာပေါ့။ ပြီးခဲ့တဲ့ရက်ကပဲ လူပေါင်း ၁၇၀၀ လောက်ဖမ်းဆီးတာ ဇွန်လ ၂၃ရက်နေ့မှာဖြစ်တာပါ ၊ လူပေါင်း ၁၇၀၀လောက်ကို တပြိုင်တည်းဖမ်းတီးတာပါ အော်ပရာစီစစ်ဆင်ရေးလုပ်တယ်၊ဘင်္ဂလား မြန်မာ နီပေါစတဲ့လူမျိုးစုံပါတဲ့ နိင်ငံခြားသားတွေ ကိုဖမ်းဆီးတယ်၊မြန်မာကတော့ ၁၅၀လောက်ပါတယ် ၊အဲဒီထဲမှာတော့ အထောက်အထားပြနိုင်သူတွေက ၃၀လောက်ပဲရှိတယ် ၊ကျန်တာအားလုံးပေါင်း ၁၂၀လောက်ကတော့အဖမ်းဆီးခံရတာပေါ့အလုပ်သမားစက်ရုံတွေရှိတဲ့နေရာတွေ apartment တွေကိုပိတ်ဆို့ပြီးဖမ်းဆီးတာဖြစ်ပါတယ်။"

အဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးလာသူတွေလည်းပါဝင်ပြီး နေရပ်ပြန်ပို့ခံရမှာကိုစိုးရိမ်စရာရှိတယ်လို့လည်းဆိုပါတယ် ။ မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်သမားတွေခေါ်ယူတဲ့အစီစဉ်ကိုဇွန်လဆန်းကစပြီးရပ်နားထားတဲ့အတွက် နယ်စပ်လမ်းတွေကနေ တရားမဝင် ဝင်ရောက်လာသူတွေလည်းများပြားလာတယ်လို့လည်း ဦးစိုးထက်သိန်းက ဆိုပါတယ်။

ဖမ်ဆီးခံရသူတွေကို တော့ မလေးရှား လူဝင်မူ့ကြီးကြပ်ရေးထိမ်းသိမ်းရေးစခန်းတွေကိုပို့ဆောင်ခဲ့ပြီး အကျဉ်းကျပြီးတဲ့အခါမှာ မိသားစုဝင်တွေက လေယာဉ်လက်မှတ်ဖိုးအကုန်ကျခံရပြီး နေရပ်ပြန်ပို့လေ့ရှိပါတယ်။ တချို့ကတော့ နေရပ်မပြန်လိုတာကြောင့်ထိမ်းသိမ်းရေးစခန်းမှာပဲလနဲ့ချီ ကြာနေထိုင်နေရသူတွေလည်းရှိနေပါတယ်။

Forum

XS
SM
MD
LG