သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ သေမင်းတမန် ကုန်သွယ်ရေးဆိုင်ရာ ဘဏ်လုပ်ငန်းများ (Tom Andrews)


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေသီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေသီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)

စစ်ကောင်စီအတွက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံပေါင်း (၇)နိုင်ငံက ဘဏ်ပေါင်း (၁၆)ခု ဟာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၀ယ်ယူရေး စစ်ပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး ငွေလွှဲပြောင်းမှုအပါအ၀င် ဘဏ်၀န်ဆောင်မှုတွေ ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတကာ ဘဏ်တချို့နဲ့ အစိုးရ တချို့ဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဘယ်လို ဆက်စပ် ပံ့ပိုးမှုတွေပေးနေသလဲဆိုတာကို လေ့လာစုံစမ်းထားတဲ့ ဒီအစီရင်ခံစာမှာ သေမင်းတမန်ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းတွေဆိုပြီး ဘဏ်တွေရဲ့ အမည်တွေကို ဖေါ်ပြထားပါတယ်။

အဲဒီထဲမှာ စင်္ကာပူနဲ့ ထိုင်းနိုင်ငံက ဘဏ်တွေဟာ စစ်ကောင်စီရဲ့ လက်နက်နဲ့ စစ်ပစ္စည်း၀ယ်ယူမှုတွေမှာ သွယ်ဝိုက်ပတ်သက်နေတာတွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrewsရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ စင်္ကာပူနဲ့ ထိုင်း ဘဏ်တွေဘက်ကတော့ တစုံတရာ တုံ့ပြန်ချက် မပေးကြသေးပါဘူး။
အစီရင်ခံစာထဲမှာလည်း ဒီဘဏ်တွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေဟာ စစ်ကောင်စီကို စွပ်စွဲထားတဲ့ စစ်ရာဇ၀တ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကူညီပံ့ပိုးတဲ့ သက်ရောက်မှုတွေဖြစ်ပေါ်စေကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကို ၀န်ဆောင်မှုပေးနေတဲ့ နောက်ထပ် နိုင်ငံခြားဘဏ် ၂၅ ဘဏ်ရဲ့ နာမည်စာရင်းတွေကိုလည်း ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။

Forum

XS
SM
MD
LG