သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီပြည် လွိုင်ကော်မှာ တိုက်ပွဲတွေပြန်ပြီး ပြင်းထန်နေ

KNDF's soldiers
KNDF's soldiers

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်ရေးဗျူဟာအရ နှစ်ဘက်စလုံး အတိုးအဆုတ် နည်းလမ်းနဲ့တိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေကလွိုင်ကော်မှာ ဇူလိုင်လ အစောပိုင်း မှာ ပြန်ပြီးတိုက်ခိုက်လာတာကြောင့် မနေ့က ဇူလိုင် ၄ ရက်ကစပြီး ဒီနေ့ ဇူလိုင် ၅ရက်နေ့ထိ တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာတာဖြစ်တယ်လို့ တာအယ်စိုးက ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေမှာ အရပ်သားတွေ အထိအခိုက်ရှိနိုင်ပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KNDF က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နမ့်ဘော်ဝမ်ရပ်ကွက်မှာ ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်သူအပါအဝင် အရပ်သားထိခိုက်မှုရှိတယ်လို့ ကရင်နီဒေသ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ လွိုင်ကော် တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ကရင်နီပြည် လွိုင်ကော်မှာ တိုက်ပွဲတွေပြန်ပြီး ပြင်းထန်နေ
please wait

No media source currently available

0:00 0:03:31 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG