သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအလုပ်နေရာ ခွဲတမ်းစနစ် ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ် ပြင်ဆင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလုပ်နေရာ ခွဲတမ်းစနစ်ကို မကျေနပ်မှုတွေကြောင့် ကျောင်းသားများ နိုင်ငံတဝှမ်းမှာ ကန့်ကွက်ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလုပ်နေရာ ခွဲတမ်းစနစ်ကို မကျေနပ်မှုတွေကြောင့် ကျောင်းသားများ နိုင်ငံတဝှမ်းမှာ ကန့်ကွက်ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဝန်ထမ်း အလုပ်နေရာအတွက် စစ်မှုထမ်းဟောင်း မိသားစုတွေကို ပေးထားတဲ့ ခွဲတမ်းကို လျှော့ချဖို့ တရားရုံးချုပ်က ဒီကနေ့ပဲ ဆုံးဖြတ်လိုက်တာကြောင့် ဆန္ဒပြကျောင်းသားတွေအတွက် အောင်ပွဲတစိတ်တပိုင်း ဖြစ်ခဲ့ပါတယ်။

အငြင်းပွားစရာ ခွဲတမ်းစနစ်ကို မကျေနပ်မှုတွေကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ရာက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း လူအများအပြား သေဆုံးတဲ့အထိ ဖြစ်ခဲ့ပြီးနောက် တရားရုံးချုပ် ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးစစ်ပွဲမှာ စစ်မှုထမ်းခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် အလုပ်အကိုင်နေရာ ၃၀ ရာခိုင်နှုန်း ခွဲတမ်းပေးထားတဲ့စနစ်ကို ဖျက်သိမ်းဖို့ အလုပ်အကိုင်ကောင်းတွေ ရှားပါးတဲ့အပေါ် စိတ်ပျက်နေတဲ့ ကျောင်းသားလူငယ်တွေက တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းသားတွေ အကြီးအကျယ် ဆန္ဒပြခဲ့တာကြောင့် အစိုးရက ၂၀၁၈ ခုနှစ်မှာ အစိုးရက အစီအစဉ်ကို ရပ်ခဲ့ဖူးပေမဲ့ ပြန်လည်ကျင့်သုံးဖို့ ဇွန်လထဲမှာပဲ အထက်တရားရုံးက ကြေညာခဲ့ရာက ဆန္ဒပြပွဲတွေ တကျော့ပြန်ပေါ်ပေါက်ခဲ့တာပါ။

အထက်တရားရုံးရဲ့ အမိန့်အပေါ် အယူခံဝင်ခဲ့ရာမှာ တရားရုံးချုပ်က စစ်မှုထမ်းဟောင်း မိသားစုတွေအတွက် အလုပ်အကိုင်ခွဲတမ်းနေရာကို ၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပြီး ၉၃ ရာခိုင်နှုန်းကို အရည်အချင်းအပေါ် မူတည်ရွေးချယ်ဖို့နဲ့ ကျန် ၂ ရာခိုင်နှုန်းကိုတော့ တိုင်းရင်းသားလူနည်းစုတွေ၊ လိင်စိတ်ကွဲပြားသူတွေနဲ့ မသန်စွမ်းတွေအတွက် သတ်မှတ်ပေးခဲ့ပါတယ်။

Forum

XS
SM
MD
LG