သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ခရီးသွားမယ့်သူတွေအတွက် နှိုးဆော်ချက် အမေရိကန်ထုတ်ပြန်


ဘင်္ဂလားဒေ့ရှ် အစိုးရ အလုပ်အကိုင် ခွဲတမ်းပေါ် မကျေနပ်လို့ ပြည်သူများ ဆန္ဒပြ၊ မငြိမ်သက်မှုများဖြစ်
ဘင်္ဂလားဒေ့ရှ် အစိုးရ အလုပ်အကိုင် ခွဲတမ်းပေါ် မကျေနပ်လို့ ပြည်သူများ ဆန္ဒပြ၊ မငြိမ်သက်မှုများဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြတာတွေ ဖြစ်နေပြီး လူထုမငြိမ်သက်မှုတွေ ဖြစ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးသွားလာတာတွေ မလုပ်ဖို့ အမေရိကန်က နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးသွားမယ့်သူတွေအတွက် တိုက်တွန်းချက်ကိုလည်း အဆင့် ၄ အထိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကပဲ တိုးမြှင့်လိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အမေရိကန်အစိုးရရဲ့ အရေးပေါ် လိုအပ်တဲ့ ဝန်ထမ်းမဟုတ်တဲ့ သူတွေနဲ့ မိသားစုဝင်တွေကို မိမိဆန္ဒအလျှောက် ထွက်ခွာခွင့်ပြုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒီမတိုင်ခင်တရက်ကတော့ ဘင်္ဂလားဒေ့ရှ်ကို သွားမယ်သူတွေကို ပြန်စဉ်းစားဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက တိုက်တွန်းခဲ့ပါတယ်။

ဒါကာမြို့နဲ့ အနီးအနားက နေရာတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်းမှာ ဆန္ဒပြတာတွေ အကြမ်းဖက် ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီး လူထုမငြိမ်သက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ခရီးသွားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မသွားသင့်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လုံခြုံရေး အခြေအနေတွေကြောင့် ပုံမှန်လုပ်ဆောင်နေတဲ့ ကောင်စစ်လုပ်ငန်းတွေမှာလည်း နှောင့်နှေးတာတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ခွင့်ပြုဖို့ အမေရိကန် နဲ့ ကနေဒါနိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုလိုက်ပြီး ပြီးခဲ့တဲ့ရက်အတွက် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် စိုးရိမ်တယ်လို့ ပြောလိုက်ပါတယ်။

Forum

XS
SM
MD
LG