သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi မြန်မာနိုင်ငံကို လာမည်


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်မည့် မဲခေါင် နိုင်ငံများ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ ရှိကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ၀န်ကြီး Wang Yi ရဲ့ မြန်မာ ခရီးစဥ်အသေးစိတ်ကို ဖေါ်ပြထားခြင်းမရှိပေမဲ့ သူ့ခရီးစဥ်အတွင်း ထိမ်းသိန်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားဖို့ရှိကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဘက်က သတင်းတွေထွက်နေပါတယ်။ ဗွီအိုအေအနေနဲ့ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်မေးမြန်းထားပေမဲ့ တစုံတရာ တုံ့ပြန်ချက် မရသေးပါဘူး။

မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သြဂုတ်လ ၁၄-၁၇ ရက်နေ့ထိ ၃ ရက်ကြာကျင်းပမည့် နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ Wang Yi အနေနဲ့ ပူးတွဲ သဘာပတိအဖြစ်ဆောင်ရွက်ဖို့ ရှိတယ်လို့လည်း ဖေါ်ပြထားပါတယ်။
ဒါအပြင် အစည်းအဝေးပြင်ပမှာပြုလုပ်မည့် တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာလည်း ၀န်ကြီး Wang Yi တက်ရောက်ဆွေးနွေးဖို့ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Forum

XS
SM
MD
LG