သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်တရာအတွင်း အကြီးဆုံး စိန်တုံးကြီး ဘော့စ်ဝါနာမှာတွေ့ရှိ

 ဘော့စ်ဝါနာမှာထွက်တဲ့ စိန်တုံးကြီးကို ပြသနေတဲ့ သမ္မတ Mokgweetsi Masisi (Aug. 22, 2024)
ဘော့စ်ဝါနာမှာထွက်တဲ့ စိန်တုံးကြီးကို ပြသနေတဲ့ သမ္မတ Mokgweetsi Masisi (Aug. 22, 2024)


Botswana ဘော့စ်ဝါနာနိုင်ငံ ကာရိုဝီ စိန်တွင်းကနေ ကမ္ဘာ့ဒုတိယ အကြီးဆုံးဖြစ်တဲ့ ကာရက် ၂,၅၀၀ နီးပါးရှိတဲ့ စိန်တုံးကြီး တပွင့်ကို တွေရှိခဲ့ပြီး၊ ဒီ စိန်တုံးကြီးကို ကြာသပတေးနေ့မှာ ထုတ်ပြမှာဖြစ်ကြောင်း Botswana အစိုးရက ကြေညာပါတယ်။

ကနေဒါ မိုင်းကုမ္ပဏီဖြစ်တဲ့ Lucara Diamond ကော်ပိုရေးရှင်းက ကာရိုဝီ မိုင်းမှာ စိန်တုံးကြီးကို တွေ့ကြောင်း ဗုဒ္ဓဟူးနေ့မှာကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အရည်အသွေးမြင့်မားတဲ့ ဒီစိန်ကို မိုင်းထဲမှာ တွေ့ခဲ့ရပြီး သူ့ကို တူးဖေါ်ဖို့ X-ray နည်းပညာသုံးခဲ့ရကြောင်းနဲ့ ဒီစိန်ဟာ ထူးထူးခြားခြား ကြီးမားပြီး ကာရက်အားဖြင့် ၂,၄၉၂ ကာရက် ရှိကြောင်း လူကာရာ စိန်ကုမ္ပဏီ အကြီးအကဲ William Lamb က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခုလို ကြီးမားတဲ့ စိန်ကို နှစ်ပေါင်း ၁၀၀ ကျော်မှာ ထပ်မံ တွေ့ရှိခဲ့တာပါ။ ၁၉၀၅ ခုနှစ်တုန်းကတော့ တောင်အာဖရိကမှာ ကာရက်ချိန် ၃,၁၀၆ ကာရက်ရှိတဲ့ Cullinan စိန်ကြီးကို တူးဖေါ်ရရှိခဲ့ပါတယ်။ ၁၈၀၀ နှောင်းပိုင်း နှစ်တွေ အတွင်းကတော့ အမည်းရောင် စိန်ကြီးကို ဘရာဇီးလ်မှာ တွေ့ရှိခဲ့ပြီး သူ့ကိုမြေပေါ်မှာ တွေ့ရတဲ့တွက် ဒါဟာ ဥက္ကာပျံတခုရဲ့ အစိတ်အပိုင်းဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

အခုနောက်ဆုံးတွေ့ရတဲ့ လူကာရာစိန်ကြီးကို ဘော့စ်ဝါနာ သမ္မတ Mokgweetsi Masisi က ကမ္ဘာကို ထုတ်ပြဖို့ စီစဉ်ထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခု စိန်ကြီးတွေ့ရတဲ့ ကာရိုဝီ မိုင်းဟာ အရင်က ကာရက်ချိန် ၁၀၀၀ ကျော် စိန် ၄ လုံး ထွက်ခဲ့တဲ့ မိုင်း ဖြစ်ပါတယ်။

သဘာဝ တွင်းထွက် စိန်တွေဟာ သက်တမ်းအားဖြစ် နှစ် သန်းပေါင်း တထောင်ကျော် အနည်းဆုံး ရှိတာဖြစ်ပြီး တချို့ဆို နှစ်သန်း ၃,၀၀၀ ကျော်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

နှစ်တရာအတွင်း အကြီးဆုံးစိန်တုံးကြီး Botswana မှာတွေ့ရှိ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG