သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်နဲ့ တရုတ် သင်္ဘောတွေ တမင်ဝင်တိုက်လို့ အပြန်အလှန်စွပ်စွဲ


တရုတ် ကမ်းရိုးတမ်းစောင့်တပ်သင်္ဘောနှင့် ဖိလစ်ပိုင်သင်္ဘောတို့ တိုက်ခိုက်မိစဉ် (Photo by Handout / Philippine Coast Guard (PCG) / AFP)
တရုတ် ကမ်းရိုးတမ်းစောင့်တပ်သင်္ဘောနှင့် ဖိလစ်ပိုင်သင်္ဘောတို့ တိုက်ခိုက်မိစဉ် (Photo by Handout / Philippine Coast Guard (PCG) / AFP)

တောင်တရုတ်ပင်လယ်ထဲ နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Sabina Shoal ကျွန်းစုနားမှာ တရုတ်ကမ်းရိုးတမ်းစောင့်တပ် သင်္ဘောတစီးကို ဖိလစ်ပိုင်သင်္ဘောက တမင်ဝင်တိုက်ခဲ့တယ်လို့ တရုတ်က စွပ်စွဲလိုက်ပါတယ်။ တရုတ်တို့က Xianbin လို့ခေါ်တဲ့ ပိုင်နက်အငြင်းပွားနေတဲ့ ကျွန်းစုတွေနားမှာ ဖိလစ်ပိုင်သင်္ဘောက ကျင့်ဝတ်နဲ့မညီ အန္တရာယ်မရှိတဲ့ လုပ်ရပ်ကို ဒီနေ့ လုပ်ခဲ့တယ်လို့ တရုတ် ကမ်းရိုးတမ်းစောင့်တပ် ပြောခွင့်ရက ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်ဘက်ကလည်း တရုတ်သင်္ဘောကသာ ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဝင်တိုက်ခဲ့တာလို့ ဖိလစ်ပိုင်ကမ်းရိုးတမ်းစောင့် တပ်ပြောခွင့်ရက တုံ့ပြန်ပါတယ်။ ကျောက်ချထားတဲ့ သင်္ဘောကို တရုတ်သင်္ဘောက ၃ ကြိမ် ဝင်တိုက်တာလို့ ပြောပါတယ်။ တောင်တရုတ်ပင်လယ်ထဲက ရေပြင်နယ်နိမိတ်အားလုံးနီးပါးကို တရုတ်တို့က သူတို့ပိုင်တယ်လို့ပြောပြီး လှုပ်ရှားမှုတွေ လုပ်နေတာပါ။

ဟိုင်နန်ကျွန်းကနေ ကီလိုမီတာ ၁ ထောင့် ၂ ရာလောက်မှာရှိတဲ့ Sabina ကျွန်းစုတွေနားမှာ ဖိလစ်ပိုင်နဲ့ တရုတ်သင်္ဘောတွေ အခုလထဲ ၂ ကြိမ်ထက်မနည်း တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖိလစ်ပိုင် အထူးစီးပွားရေးဇုံနားအထိ တရုတ်က နယ်နိမိတ်ချဲ့ပြီး သူတို့ပိုင်တယ်ဆိုတဲ့ လုပ်ရပ်မျိုး အခုနောက်ပိုင်း လုပ်လာနေတယ်လို့ ဒေသတွင်း လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

Forum

XS
SM
MD
LG