ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် ဟန်ဒုန်း မြို့နယ် အဝေး ပြေးလမ်းမကြီးမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား အလုံးရေ ၂သန်းခွဲ နီးပါး(2,494,000 နဲ့ မူးယစ်မှောင်ခိုသမားသုံးဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အခုဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေက မြန်မာနိုင်ငံဘက်က မူးယစ်မှောင်ခိုသမားတွေက သယ်ဆောင်လာပြီး ထိုင်းနယ်စပ်မှာ လက်ခံပြီး ဆူကိုထိုင်း ခရိုင်ဘက်ကို ဖြန့်ချီပေးဖို့တာဝန်ယူခဲ့တာလို့ ဖမ်းမိထားတဲ့ မူးယစ်မှောင်ခိုသမားတွေက ထွက်ဆိုထားပါတယ် သတင်းအသေးစိတ် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဟန်ဒုန်းမြို့နယ် အဝေးပြေးလမ်းမကြီးမှာ အမှတ် (၅) ဒေသရဲတပ်ဖွဲ့ ဝင်တွေက အောက်တိုဘာလ ၂၇ ရက်နေ့ ကစိတ်ကြွဆေး ပြား အလုံးရေ ၂သန်းခွဲနီးပါးကို ဖမ်းမိခဲ့တာပါ။ မူးယစ်မှောင်ခိုသမားတွေဟာ ကား ၂စီးနဲ့လာကြပြီး ပထမကားက လမ်းက အဖမ်းအဆီးရှိမရှိ ကြည့်ပေးတဲ့ကားဖြစ်ပြီး ဒုတိယကားကတော့ ဂေါ်ဖီထုတ်တွေကြားမှာ စိတ်ကြွဆေးတွေကို ဖွက်ပြီးသယ်ဆောင်လာတာဖြစ်ပါတယ်။
စိတ်ကြွဆေးတွေသယ်ဆောင်လာတဲ့ကားဟာ ဓါတ်ဆီဆိုင်တခုမှာဝင်ရောက်နားနေတုန်းမှာ နောက်ယောင်ခံလိုက်လာတဲ့ရဲတွေက စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းမိတဲ့မူးယစ်မှောင်ခိုသမားတွေက ထွက်ဆိုခဲ့တာကတော့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံဘက်က မူးယစ်မှောင်ခိုသမားတွေက သယ်ဆောင်လာပြီးပို့ဆောင်ပေးခဲ့ပြီးတဲ့နောက် ထိုင်းနယ်စပ်မှာ လက်ခံပြီး ဆိုကိုထိုင်း ခရိုင်ဘက်ကို ဖြန့်ချီပေးဖို့တာဝန်ယူထားတာဖြစ်ကြောင်း ထွက်ဆိုတယ်လို့ ထိုင်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်ခဲ့ပါတယ် ။ ဒီအမူ့မှာတော့ မူးယစ်မှောင်ခိုသမား ၃ယောက်ကို ဖမ်းမိခဲ့ပါတယ် ။
Police Narcotics Suppression Bureau မူးယစ်နိမ်နင်းရေးဗျူရိုမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာတော့-Gen. Nirandorn Leumsri, ထိုင်း ရဲချုပ် နိရမ်ဒွန် လီရမ်စရီပြောသွားတာကတော့-"ပြောရရင်တော့ မူးယစ်ဆေးဝါး ဝင်ရောက်လာတာတွေဟာ လျော့ားတာမရှိပဲ ဆက်တိုက် တိုးလာနေတာတွေရမှာပါ ကျွန်တောတို့ အနေနဲ့ နယ်စပ်တလျောက် မှာ တင်ကြပ်ထားတာ ဆက်တိုက် ဖမ်းဆီး နိုင်ပေမယ် ဟာနေတဲ့ အပေါက်တွေကနေ ဝင်လာနေဆဲပါပဲ"လို့ထိုင်းဘာသာနဲ့ပြောသွားခဲ့တာပါ။
အောက်တိုဘာလအတွင်းဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းခဲ့ရာမှာတော့ မူးယစ်ကွန်ယက်တွေထံကနေ အောက်တိုဘာလတစ်လအတွင်း ဖမ်းမိတာက စိတ်ကြွဆေးပြား 12သန်းနဲ့အိုက်စ်မူးယစ်ဆေး 1.3တန် ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် တစ်ခုလုံးမှာ မူးယစ်ဆေးဝါး အမှုပေါင်း 260,506 မှု ဖမ်းဆီး ရမိခဲ့ပြီး အသက်30 က နေ 50 နှစ်ကြား မူးယစ်မူ့တွေနဲ့ သံသယရှိသူ 268,679 ဦးရှိခဲ့တယ်လို့ဆိုပါတယ် ။ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေထဲက စိတ်ကြွဆေးပြား 1,001 သန်းကျော် ၊ အိုက်စ်မူးယစ်ဆေး25.4 တန် ၊ ဘိန်းဖြူ 1.65 တန်ဖမ်းမိခဲတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
Forum