သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ဖိလစ်ပိုင် စစ်ထောက်လှမ်းရေး သတင်းဖလှယ်ဖို့ သဘောတူစာချုပ်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ စစ်ထောက်လှမ်းရေးဆိုင်ရာသတင်းဖလှယ်ရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Gilberto Teodoro (နိုဝင်ဘာ ၁၈၊ ၂၀၂၄)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ စစ်ထောက်လှမ်းရေးဆိုင်ရာသတင်းဖလှယ်ရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Gilberto Teodoro (နိုဝင်ဘာ ၁၈၊ ၂၀၂၄)

ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား စစ်ထောက်လှမ်းရေးဆိုင်ရာသတင်းဖလှယ်ရေး သဘောတူညီချက်တရပ်ကို ဒီကနေ့လက်မှတ်ရေးထိုး လိုက်ပါတယ်။ ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကြား နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပိုမိုအားကောင်းစေဖို့ရည်ရွယ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Gilberto Teodoro တို့ မနီလာမြို့မှာ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးတာပါ။

GSOMIA လို့ခေါ်တဲ့ အထွေထွေ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်လုံခြုံရေး သဘောတူညီချက်အရ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို မျှဝေဖို့ သဘောတူညီချက်မှာပါဝင်ပါတယ်။ ဒါက ဖိလစ်ပိုင်အနေနဲ့ လုပ်ပိုင်ခွင့်တွေပိုမိုရလာမှာ ဖြစ်သလို တခြား သဘောထားတူညီတဲ့ နိုင်ငံတွေနဲ့လည်း အလားတူ သဘောတူညီချက်တွေရယူဖို့ အခွင့်အလမ်းတွေ ပွင့်လာနိုင်တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဌာန ပြောခွင့်ရ Arsenio Andolong က ပြောပါတယ်။ ၁၉၅၁ ခုနှစ်ကတည်းက အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား နှစ်နိုင်ငံအပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားတာပါ။

လတ်တလော တောင်တရုတ်ပင်လယ်အပြင် ထိုင်ဝမ်ကျွန်းတဝိုက် တရုတ်ရဲ့ ရန်လိုမှုတွေတိုးလာတာနဲ့ အတူ သမ္မတ Joe Biden နဲ့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr တို့လက်ထက် အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုတိုးလုပ်ဆောင်လာတာဖြစ်ပါတယ်။ တနင်္လာနေ့မှာပဲ ဝန်ကြီး Lloyd Austinနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro တို့ မနီလာမြို့မှာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးစင်တာတခုဆောက်လုပ်ဖို့အတွက် အုတ်မြစ်ချပေးခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG