သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့တော်မှာ အနည်းဆုံး လူ ၂၀ သေဆုံး


အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်ရှိ အဆောက်အဦးတခု (REUTERS/Thaier Al-Sudani)
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်ရှိ အဆောက်အဦးတခု (REUTERS/Thaier Al-Sudani)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရဖို့ သံတမန်တွေ ကြိုးစားနေချိန်မှာပဲ အရင်က ဖြစ်တောင့်ဖြစ်ခဲ မြို့လည်ခေါင်မှာ တိုက်ခိုက်မှုမျိုးတွေကို ကြိုတင်သတိမပေးပဲ အစ္စရေးက ဆက်လုပ်လာနေတာပါ။

သီတင်းတပတ် မပြည့်ခင် ၄ ကြိမ်မြောက် စနေနေ့က မြို့လည်ခေါင် တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူ ၆၆ ယောက် ရှိတယ်လို့လည်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ဘနွန်နိုင်ငံက ဟက်ဇ်ဘူလာအဖွဲ့နဲ့ အစ္စရေးကြား လနဲ့ချီဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် သဘောတူညီချက်ရဖို့ အမေရိကန် အထူးကိုယ်စားလှယ် Amos Hochstein ဒေသတွင်း သွားရောက်နေချိန်မှာပဲ တင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံမှာ သေဆုံးသူ လူပေါင်း ၃၅၀၀ ကျော် ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ပြောဆိုထားပါတယ်။ စစ်ပွဲကြောင့် လက်ဘနွန် လူဦးရေ ၄ ပုံ ၁ ပုံ လောက်ရှိတဲ့ လူပေါင်း ၁.၂ သန်း လောက်ဟာလည်း နေရပ်စွန့်ခွာနေကြရတာပါ။ စစ်ပွဲကြောင့် အစ္စရေးမှာလည်း စစ်သား ၉၀ လောက်နဲ့ အရပ်သား ၅၀ နီးပါး သေဆုံးခဲ့ရပါတယ်။

Forum

XS
SM
MD
LG