နှစ်ဟောင်းကုန်ဆုံးတဲ့နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ငြိမ်းချမ်းပျော်ရွှင်ပြီး သာယာ ဝပြောပါစေကြောင်း အမေရိကန် သံရုံးအကြီးအကဲ Susan Stevenson က ဆုမွန်ကောင်း တောင်းထားပါတယ်။
နှစ်သစ်မှာ ၂၀၂၄ ခုနှစ်ကို ပြန်လည်သုံးသပ်ဖို့အခွင့်အရေးရပြီး ရှေ့ဆက်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအတွက် ကြိုတင်ပြင်ဆင်ခွင့်ရရှိတဲ့အကြောင်း Susan Stevenson က ပြောဆိုထားပါတယ်။
ဒီလိုအခက်အခဲတွေကြုံနေရချိန်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ရင်း ပညာရေးအခွင့်အလမ်းတွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ပေးအပ်နေကြောင်း ဆုမွန်ကောင်းတောင်းတဲ့ ဗွီဒီယိုမှာ ပြောထားပါတယ်။
Forum