ဧဝရက်တောင်အနီး တရုတ်နိုင်ငံ အနောက်ပိုင်း နီပေါနိုင်ငံနဲ့ နယ်စပ် တိဗက်ဒေသမှာ ဒီနေ့ အင်္ဂါနေ့မနက် ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကြောင့် လူ အနည်းဆုံး လူ ၅၃ ယောက်သေဆုံးတဲ့အကြောင်း ကနဦးသတင်းတွေ ထွက်လာပါတယ်။
တရုတ်အစိုးရပိုင် သတင်းဌာနတွေကတော့ မြေငလျင်ကြောင့် အိမ်ခြေ တထောင်လောက်ပျက်ဆီးခဲ့ပြီး သေဆုံးသူတွေအပြင် လူ ၆၀ ကျော် ထိခိုက်ဒဏ်ရာရတဲ့အကြောင်း ကြေညာပါတယ်။
ဧဝရက်တောင် အရှေ့မြောက်ဘက် မိုင် ၅၀ လောက်အကွာ တရုတ်နဲ့ နီပေါ နယ်စပ်အနီး တိဗက်ဘာသာရေးမြို့ Shigatse မြို့အနီးမှာ မြေငလျင်လှုပ်ခတ်ခဲ့တာပါ။ မြေငလျင်ကြောင့် အဆောက်အဦးတွေ ပျက်ဆီးပြိုကျနေပြီး အပျက်အဆီးပုံတွေကြား ကယ်ဆယ်ရေးအဖွဲ့တွေ ကူညီရှာဖွေနေတဲ့ ပုံတွေကို တရုတ် ရုပ်သံ CCTV က ထုတ်လွှင့်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဘူမိဗေဒ တိုင်းတာရေးဌာန ကတော့ ငလျင်ဟာ အင်အား ၇ ဒသမ ၁ မက်ဂနီကျု့ ရှိတဲ့အကြောင်း ကြေညာပါတယ်။
Forum