သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံထဲ ဖြတ်ကူးသူ ၁ ရာခိုင်နှုန်းသာအလိမ်ခံရသူတွေလို့ ထိုင်း ပြော


(ဖေဖေါ်ဝါရီ ၁၂ ၊ ၂၀၂၅) ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူများအား နယ်ခြားဖြတ်ကူးနေပုံ
(ဖေဖေါ်ဝါရီ ၁၂ ၊ ၂၀၂၅) ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူများအား နယ်ခြားဖြတ်ကူးနေပုံ

မြန်မာနိုင်ငံဘက်ကို ဖြတ်ကူးဝင်ရောက်သူတွေထဲ ၁ ရာခိုင်နှုန်းကသာ ကျားဖျန့် ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လိမ်ညာခေါ်ဆောင်ခံရသူတွေဖြစ်ပြီး အများစုက ကိုယ့်သဘောနဲ့ ကိုယ် သွားရောက်ခဲ့တာ ဖြစ်တယ်လို့ ထိုင်း ရဲစစ်ဆေးရေးချုပ် က ပြောပါတယ်။ မြန်မာနိုင်ငံ မြဝတီနယ်ထဲက အရင် စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားစောင့်တပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် ထိန်းချုပ်တဲ့ နယ်မြေတွေကနေ လူမှောင်ခိုကူးခံရသူ ၂၆၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေတာဖြစ်ပြီး ဒီကနေ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာပဲ ထိုင်းရဲဗိုလ်ချုပ် Thatchai Pitanilabutr က ခုလို ပြောတာဖြစ်ကြောင်း The Nation အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း ကိုယ့်သဘောနဲ့ကိုယ်သွားကြသူတွေဟာ ကျားဖျန့်လုပ်ငန်း လုပ်ရမှာ သိရက်နဲ့ သွားတာလား ဒါမှမဟုတ် လိမ်ညာ မက်လုံးပေးတဲ့အပေါ် ယုံကြည်ပြီး သွားတာလားဆိုတာကိုတော့ ပြောဆိုတာမျိုးမရှိပါဘူး။

ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံဘက် ဖြတ်ကူးတင်ရောက်သူ နိုင်ငံခြားသားတွေဟာ တရုတ်နိုင်ငံသား အများစုပိုင် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဒါမှမဟုတ် စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ကာစီနိုတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ကြတာပါ။ ထိုင်းနိုင်ငံမဲဆောက်ကို သွားကြတဲ့ လေယာဥ်ပေါ်မှာဆိုရင်လည်း တရုတ်နိုင်ငံသားတွေကို တွေ့ရလေ့ရှိပါတယ်။ တရုတ်သရုပ်ဆောင်တယောက် ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ခေါ်ဆောင်သွားခံရတာကနေ ကျားဖျန့် အလုပ် လုပ်ခိုင်းခံရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ဘူးတာပါ။

ထိုင်းနိုင်ဘက်ကို ပြန်လည်ပို့ဆောင်ခံရသူတွေဟာ လူကုန်ကူးခံရသူတွေချည့် မဟုတ်ဘဲ တချို့က ကျားဖျန့်ဂိုဏ်းဝင်တွေပါ။ ပြန်ပို့ခံရသူတွေထဲ ဖိလစ်ပိုင်နိုင်ငံသား တဦးထက်မနည်းဟာ ကျားဖြန့်ဂိုဏ်းဝင်တွေဖြစ်ကြောင်း ဖိလစ်ပိုင်း အစိုးရက ထိုင်း တော်ဝင် ရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ ရဲစစ်ဆေးရေးချုပ် Thatchai က ပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ကျားဖျန့် နှိမ်နင်းရေးတွေကို နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်မှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းလည်း သူက ပြောကြားပါတယ်

Forum

XS
SM
MD
LG