သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်းမှာ ခိုင်းစေထားသူ ၁ သောင်းခန့် ထိုင်းနိုင်ငံပြန်ပို့မယ့်အကြောင်း BGF ကြေညာ


ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး၊ အလုပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး၊ အလုပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အင်တာနက်အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့သူ ၁ သောင်းကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာနယ်ခြားစောင့်တပ် (BGF) က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံနယ်စပ်က ကျားဖြန်လို့ခေါ်တဲ့ တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေက ပူးပေါင်းနှိမ်နင်းမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ စနေနေ့က အခုလို ပြောလိုက်တာပါ။

အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ နယ်မြေကနေ ဖယ်ရှားသွားမယ်လို့ ကြေညာထားပြီး စတင်အကောင်အထည် ဖော်နေတာဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော် ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ ပြန်ပို့မယ့် လူတွေကို စာရင်းပြုစုထားပြီး၊ စုစုပေါင်း လူ ၁ သောင်းလောက်ကို နေ့စဉ်လူ ၅၀၀ နှုန်းနဲ့ ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးသွာဖို့ ပြင်ဆင်နေယ်လို့လည်း ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာရှိတဲ့ ရွှေကုက္ကိုလ်အခြေစိုက် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ လုပ်နေတဲ့သူတွေထဲက ၆၁ ယောက်ကို မြဝတီ တံတားကနေတဆင့် ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်တယ်လို့လည်း BGF ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။

ထိုင်းဘက်ကလည်း တက်ခ်ခရိုင် နယ်စပ်လုံခြုံရေး တာဝန်ယူထားတဲ့ ထိုင်းစစ်တပ်ရဲ့ လုပ်ငန်းဖော်ဆောင်မှုအဖွဲ့ကလည်း BGF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နောက်ထပ် ၇ ထောင်လောက် လက်ခံသွားဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

Forum

XS
SM
MD
LG