သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kari Lake ကို ကန်ကမ္ဘာ့မီဒီယာဌာန (USAGM) အထူးအကြံပေး ခန့်အပ်

USAGM အမေရိကန် ကမ္ဘာ့မီဒီယာဌာနရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်ခံရသူ Kari Lake ။ ( Feb. 21, 2025, in Oxon Hill, Md)
USAGM အမေရိကန် ကမ္ဘာ့မီဒီယာဌာနရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်ခံရသူ Kari Lake ။ ( Feb. 21, 2025, in Oxon Hill, Md)

သတင်းသမားကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ Kari Lake ကို VOA အမေရိကန်အသံ အပါအဝင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ၅ ခုရဲ့ မိခင် အဖွဲ့အစည်း ဖြစ်တဲ့ USAGM အမေရိကန် ကမ္ဘာ့မီဒီယာဌာန ရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာပါတယ်။

နှစ်ပေါင်း ၃၀ လောက် သတင်းသမားအဖြစ် ရပ်တည်ခဲ့တဲ Lake ကို သမ္မတဒေါ်နယ်ထရမ့်က VOA ကို ဦးဆောင်ဖို့ ဒီဇင်ဘာလထဲမှာ အမည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ USAGM အကြီးအကဲအဖြစ် သမ္မတထရမ့် ရွေးချယ်ထားတဲ့ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ စာရေးဆရာ L. Brent Bozell III ကို ခန့်အပ်ဖို့ အထက်လွှတ်တော်ကြားနာပွဲ ကို စောင့်ဆိုင်းနေတာကြောင့် Lake ကို ခန့်အပ်ရေးဟာ ကြန့်ကြာနေတာ ဖြစ်ပါတယ်။

USAGM အောက်မှာရှိတဲ့ VOA အပါအဝင် သတင်းဌာနတွေအတွက် အကြီးအကဲတွေကို ခန့်အပ်တာ ဖယ်ရှားတာအပါအဝင် အေဂျင်စီလုပ်ငန်းတွေကို CEO အမှုဆောင်အရာရှိချုပ်နဲ့အတူ ဆုံးဖြတ်ဆောင်ရွက်မယ့် ဘုတ်အဖွဲ့သစ်ဖွဲ့စည်းနိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ ဘုတ်အဖွဲ့ကို ပါတီ ၂ ရပ်လုံးက အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

VOA အထူးအကြံပေးအဖြစ် Lake တာဝန်ထမ်းဆောင်မယ်ဆိုတာကို USAGM ယာယီအကြီးအကဲအဖြစ်တာဝန်ယူထားတဲ့ Roman Napoli က ဝန်ထမ်းတွေကို အသိပေး ကြေညာခဲ့တာဖြစ်ပါတယ်။ USAGM ရဲ့ CEO တာဝန်ကနေ Amanda Bennett နှုတ်ထွက်သွားတဲ့နောက် သူ့ရဲ့ အလုပ်တာဝန်တွေကို Roman Napoli က ယာယီကိုင်တွယ်ဆောင်ရွက်နေပါတယ်။

Lake ဟာ အနှစ် ၂၀ ကျော် သတင်းထောက်အဖြစ်နဲ့ရော သတင်းကြေညာသူ အဖြစ်နဲ့ပါ သတင်းဌာနကြီးတွေမှာ တာဝန်ထမ်းဆောင်ခဲ့တာကြောင့် အသံလွှင့် သတင်းထောက် အတွေ့အကြုံ အများကြီး ရှိတယ်လို့လည်း Napoli က ပြောပါတယ်။ သူမဟာ အမေရိကန် သမ္မတ ၂ ဦး အပါအဝင် နိုင်ငံခေါင်း ဆောင်တွေကို တွေ့ဆုံ မေးမြန်းခဲ့သူ ဖြစ်သလို နိုင်ငံတကာ သတင်းပေးပို့မှု အတွက် Emmy ဆု ၂ ကြိမ် ရခဲ့သူလည်း ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG