သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်း ရွာ၂ ရွာ ရုရှားသိမ်းယူ


ယူကရိန်း စစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်က ရိုက်ကူးထားတဲ့ ဓာတ်ပုံထဲမှာ Donetsk (ဒွန်းညက်) ဒေသထဲက အမည်မဖော်ထားတဲ့ နေရာတခုမှာ ယူကရိန်း တပ်ဖွဲ့ဝင်တွေက ရုရှား စစ်ရေး ပစ်မှတ်တွေကို ပစ်ခတ်နေတဲ့ မြင်ကွင်း။
ယူကရိန်း စစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်က ရိုက်ကူးထားတဲ့ ဓာတ်ပုံထဲမှာ Donetsk (ဒွန်းညက်) ဒေသထဲက အမည်မဖော်ထားတဲ့ နေရာတခုမှာ ယူကရိန်း တပ်ဖွဲ့ဝင်တွေက ရုရှား စစ်ရေး ပစ်မှတ်တွေကို ပစ်ခတ်နေတဲ့ မြင်ကွင်း။

ယူကရိန်း အရှေ့ Donetsk ဒေသရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ Sudne နဲ့ Burlatske ကျေးရွာ ၂ ရွာကို သိမ်းပိုက်ခဲ့တာလို့ ရုရှား ကာကွယ်ရေးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ရုရှား တပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ Velyka Novossilka မြို့ အနီးက ကျေးရွာတွေလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရုရှားတပ်ဖွဲ့တွေက ဒရုန်း ၁၅၄ စင်းနဲ့ ယူကရိန်းကို ညလုံးပေါက် တိုက်ခိုက်တဲ့အကြောင်း ယူကရိန်းလေတပ်က ပြောပါတယ်။

ဒီအထဲက ၁၀၃ စင်းကို ယူကရိန်းဘက်က ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး ၅၁ စင်းကတော့ ရေဒါထဲကနေ ပျောက်သွားခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးတာ၊ လူသေတာတော့ မရှိဘူးလို့လည်း ယူကရိန်း လေတပ်က ပြောပါတယ်။

ဒါပေမဲ့လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ရုရှားတိုက်ခိုက်မှုအတွင်း လူတဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တချို့ရှိတဲ့အကြောင်း ပြောပါတယ်။

တောင်ပိုင်း Odesa ဒေသမှာ လူတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်း အစိုးရ အမှုလိုက်ရှေ့နေတွေက ပြောသလို၊ အရှေ့မြောက် Kharkiv ဒေသမှာ ၁၂ ဦး ဒဏ်ရာရပြီး တောင်ပိုင်း Kherson ဒေသမှာ နောက်ထပ် ဒဏ် ၂ ဦး ဒဏ်ရာ ရခဲ့တဲ့အကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG