ဒီမိုကရက် ခြေပမိန့်ခွန်း - အမေရိကန်ပြည်ထောင်စုဟာ အပြောင်းအလဲ ကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရပါတယ်။ အကောင်းဘက်ကို ပြောင်းလဲဖို့လိုပါတယ်။ ဒီညမိန့်ခွန်းကို ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်၊ နိုင်ငံသားတာဝန်ကျေပွန်ပေးတာဖြစ်ပါတယ်။
ဒီမိုကရက်တစ် ခြေပမိန့်ခွန်း - ပြည်တွင်းမှာလည်း ပြည်သူတွေ အချင်းချင်းကို တိုက်ပေးနေပါတယ်။ သွေးကွဲအောင်လုပ်နေပါတယ်။
ဒီမိုကရက်တစ် ခြေပမိန့်ခွန်း - နိုင်ငံလုံခြုံရေးအတွက် လုပ်ဆောင်ဖို့လိုပါတယ်။ တကမ္ဘာလုံးနဲ့ လက်တွဲလုပ်ဆောင်ဖို့လိုပါတယ်။ သမ္မတရေဂင်စကားကို သမ္မတထရမ့်ပြောသွားပါတယ်။ ဒါပေမဲ့ ရေဂင်လို မလုပ်ဆောင်ပါဘူး။ သမ္မတထရမ့်က အာဏာရှင်တွေနဲ့ ပူးပေါင်းချင်တာပါ။ စစ်အေးကာလမှာဆို ထရမ့်သာ သမ္မတဖြစ်ရင် အမေရိကန် စစ်ရှုံးမှာသေချာပါတယ်။
ဒီမိုကရက်ကိုယ်စားပြု ပြန်လည်ချေပချက်မှာတော့ သမ္မတထရမ့်က ချမ်းသာတဲ့ သူတွေကို ပိုချမ်းသာ သက်သာအောင်လုပ်ဆောင်ပေးပြီး သာမာန်လူတွေကိုတော့ ပိုဒုက္ခတွင်းထဲရောက်အောင်လုပ်ဆောင်နေပါတယ်။