သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီမှာ အလုပ်သမားသပိတ်ကြောင့် လေယာဉ် ခရီးစဉ်တွေ ဖျက်သိမ်း

ရုတ်တရက် သပိတ်မှောက်မှုကြောင့် ပိတ်ထားလိုက်ရသည့် ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့လေဆိပ်မြင်ကွင်းတခု။ (မတ် ၉၊ ၂၀၂၅) (Reuters)
ရုတ်တရက် သပိတ်မှောက်မှုကြောင့် ပိတ်ထားလိုက်ရသည့် ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့လေဆိပ်မြင်ကွင်းတခု။ (မတ် ၉၊ ၂၀၂၅) (Reuters)

တနင်္ဂနွေနေ့တုန်းက ရုတ်တရက် သပိတ်မှောက်လိုက်ကြတာကြောင့် ဂျာမနီနိုင်ငံ ဟမ်းဘဂ်မြို့ လေဆိပ်မှာ ခရီးသည် ၄ သောင်းကျော်ရဲ့ အစီအစဥ်တွေ ထိခိုက်ကုန်ကြပါတယ်။

စာချုပ်အသစ်အတွက် ထပ်မံ ညှိုနှိုင်းနေတဲ့ အတောအတွင်း ဂျာမနီတလွှားမှာ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ဆန္ဒပြကြဖို့ စီစဥ်ထားတဲ့ရက် တရက်မတိုင်မီမှာ ခုလို ရုတ်ရက် သပိတ်မှောက်လိုက်ကြတာ ဖြစ်ပါတယ်။ ခရီးစဥ် ၂၈၀ အနက် ခရီးစဥ် ၁၀ ခုပဲ တနင်္ဂနွေနေ့က ထွက်နိုင်တာပါ။

တနင်္လာနေ့မှာတော့ ဂျာမနီနိုင်ငံတလွှားက လေဆိပ် ၁၃ ခုမှာ ver.di သမဂ္ဂက ဦးဆောင်ပြီး သပိတ်မှောက်ကြဖို့ စီစဥ်ထားတာပါ။ ခု သပိတ်မှောက်တာက အစီအစဥ်မှာ မပါဘဲ နာရီဝက်သာ ကြိုတင် သတိပေး အကြောင်းကြား မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ခုလို တနင်္ဂနွေနေ့ သပိတ်လုပ်ရပ်က လွန်ကျွံသွားပြီး ခရီးသွား ရာသီအစ သောင်းချီနေတဲ့ ခရီးသည်တွေအတွက် မမျှတရာ ကျပါတယ်။ ညှိုနှိုင်းရာမှာ အငြင်းပွါးနေတာတွေက ခရီးသည်တွေ နဲ့ မသက်ဆိုင်ပါဘူးလို့ ဟမ်းဘဂ်လေဆိပ် ပြောရေးဆိုခွင့်ရှိသူ Katja Bromm က ပြောပါတယ်။

တနင်္လာနေ့မှာ ဆိုက်ရောက်လာကြသူတွေအတွက် ဖြစ်နိုင်ပြီး ခရီးစဥ်ဖျက်တာ ဝန်ဆောင်မှု ပြတ်တောက်တာတွေတော့ ဖြစ်နိုင်တယ်လို့ Katja Bromm က သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဂျာမနီမှာ အလုပ်သမားသပိတ်ကြောင့် လေယာဉ် ခရီးစဉ်တွေ ဖျက်သိမ်း
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG