ဇွန် ၁၅၊ ၂၀၁၃။ မလေးရှားရောက် မြန်မာတွေ အကြမ်းဖက်ခံရမှုကြောင့် မလေးရှားရောက် မြန်မာတွေအကြား လုံခြုံရေးစိတ်မအေးမှုတွေ ကြုံခဲ့ပါတယ်။ မြန်မာအစိုးရကနေ အဆင့်မြင့် အစိုးရကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး၊ မလေးရှားက မြန်မာလူမျိုးတွေအခြေအနေကို လေ့လာစုံစမ်းစေခဲ့ပါတယ်။
ယခင်စစ်အစိုးရ အဆက်ဆက်မှာ ပြည်ပရောက် မြန်မာလူမျိုးတွေအနေနဲ့ ဘေးဒုက္ခကြုံတွေ့တိုင်း သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးဖြစ်စေ မြန်မာအစိုးရကိုဖြစ်စေ အကူအညီ တောင်းကြပေမယ့် ကျေနပ်လောက်အောင် မဖြစ်ခဲ့ကြဘူး။ အခု မလေးရှားအရေးကိစ္စ မြန်မာအစိုးရကနေ ကိုင်တွယ်မှုကတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေမှာ ထူးထူးခြားခြား ဖြစ်ရပ်ပါ။ ဒီအပေါ်မှာ ဘယ်လောက် ကျေနပ်အားရဖွယ်ရှိလဲဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။