သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်ယာထုတ်ကုန်ဖွံဖြိုးရေး အစိုးရမူဝါဒကြောင့် အားနည်း


ဇွန် ၂၄၊ ၂၀၁၃။ ုမြန်မာနိုင်ငံမှာ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်လာဖို့ဆိုရင် လယ်ယာထုတ်ကုန် ရောင်းဝယ်မှုဆိုင်ရာ မူဝါဒတွေ တသားမတ်တည်းနဲ့ တိတိကျကျ ရှိဖို့ လိုအပ်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြုပ်နှံမှုကိုလည်း နိုင်ငံတော်အနေနဲ့ တိုးလုပ်ဖို့ လိုလိမ့်မယ်ဆိုပြီး အစီရင်ခံစာတစောင်မှာ ဖော်ပြပါတယ်။

MDRI မြန်မာ့လူမှုဖွံဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ စီးပွားရေးနဲ့လူမှုဖွံဖြိုးတိုးတက်ရေးဌာနနဲ့ မစ်ချီကန်တက္ကသိုလ်တို့ ပူးတွဲ သုတေသနပြုစုထားတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြတာပါ။ မဟာဗျူဟာကျတဲ့ စိုက်ပျိုးရေးကဏ္ဍနဲ့ စားနပ်ရိက္ခာဖူလုံမှု အကဲဖြတ်လေ့လာဆန်းစစ်မှုစာတမ်းဆိုပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ လယ်ယာကုန်ထုတ်ရောင်းဝယ်ရေးမှာ အစိုးရချုပ်ကိုင်မှု ဖြေလျှော့ပေးလာတယ်ဆိုပေမယ့်၊ အစိုးရမူဝါဒပိုင်းဆိုင်ရာ မရေရာမှုတွေကြောင့် လယ်ယာထုတ်ကုန်လုပ်ငန်းတွေမှာ အရှုံးရင်ဆိုင်ရမှုတွေ ရှိခဲ့တယ်လို့ စာတမ်းပြုစုသူတွေက ပြောပါတယ်။ စာတမ်းပြုစုသူတဦးဖြစ်တဲ့ MDRI က သုတေသီ မငုဝါဝင်းကို ဒီသတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်မှာ မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG