၂၀၁၄ ခုနှစ်မှာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိန်ခေါ်မှုတွေက အရင်နှစ်တွေကထက် ပိုများလာသလို အခွင့်အလန်းတွေကလည်း ပိုများလာပါတယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
ရလာတဲ့အခွင့်အလန်းတွေကို အပြည့်အ၀ အသုံးချနိုင်ပြီး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ်လို့ သူက အကောင်းမြင် မျှော်လင့်ပါတယ်။
၂၀၁၄ ခုနှစ် မြန်မာ့ စီးပွားရေးအလားအလာ သုံးသပ်ချက် အပိုင်း (၂) ကို စီးပွားရေး ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ညို (ဘောဂဗေဒ) နဲ့ ဆက်သွယ်မေးမြန်းပြီးတော့ နှစ်သစ် အထူးအစီအစဉ်အဖြစ် ဒီသီတင်းပတ်စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။