သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ငလျင် ၄၅ ယောက်သေ


မြေငလျင်ကြီးလှုပ်ခတ်ပြီးနောက် နေအိမ်တိုက်ခန်းနဲ့ ရုံးအဆောက်အဦးတွေကနေ လူတွေ ထွက်လာကြစဉ်။
မြေငလျင်ကြီးလှုပ်ခတ်ပြီးနောက် နေအိမ်တိုက်ခန်းနဲ့ ရုံးအဆောက်အဦးတွေကနေ လူတွေ ထွက်လာကြစဉ်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် ဒေသမှာ အင်အားပြင်းထန်တဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ရာက သေဆုံးသူ ၄၅ ယောက် ထက်မနည်း ရှိနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အင်္ဂါနေ့က ပြင်းထန်တဲ့ ငလျင်ကြောင့် ပင်လယ်ရေအောက် မြေမျက်နှာပြင် ကြွတက်လာပြီး ကျွန်းငယ်တခုလို ရေပေါ်ကို ပေါ်လာတဲ့ အထိပါ။

ပါကစ္စတန်နိုင်ငံ တောင်ဘက် ကမ်းရိုးတန်းဒေသ ပင်လယ်ပြင်က ကျောက်ဆောင် အချွန်အတက်တွေနဲ့ ကျွန်းငယ်ရဲ့ ပုံတွေကိုတော့ ဒေသခံ ရုပ်မြင်သံကြား သတင်းတွေက ပြသခဲ့ကြတာပါ။ အမေရိကန် အခြေစိုက် ဘူမိဗေဒတိုင်းထွာရေး စခန်းကတော့ ပြင်းအား ၇ ဒဿမ ၈ ရှိတဲ့ ငလျင်ဟာ အာဖဂန်နဲ့ အီရန်နိုင်ငံတွေနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ ပါကစ္စတန်နိုင်ငံရဲ့ ဘလူချီစတန်ပြည်နယ် Dalbandin မြို့ အနောက်တောင်ဘက် မိုင် ၁၄၀ ကျော်အကွာမှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်ရာ ဒေသကိုတော့ အခုအခါ အရေးပေါ် ကယ်ဆယ်ရေးတွေ စေလွှတ်ထားပြီး သေဆုံးသူ အရေအတွက်ဟာလည်း ပိုများကောင်းများနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးနေကြတာပါ။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် သေဆုံးသူ အများစုကတော့ ဆင်းရဲနိမ့်ကျတဲ့ ဒေသမှာ ဖြစ်သလို ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ ပြိုကျရာက သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

မြေမျက်နှာပြင်အောက် အနက် ၁၄ မိုင်လောက်ကို ဗဟိုပြုခဲ့တဲ့ ငလျင်ရဲ့ အရှိန်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် အပါအဝင် တခြား အိမ်နီးချင်းနိုင်ငံတွေအထိ သက်ရောက်ခဲ့တယ်လို့လည်း ဒေသခံသတင်းတွေ က ဖော်ပြခဲ့ကြတာပါ။
XS
SM
MD
LG