သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'လင်ကွန်း' ရုပ်ရှင်ကား Oscar ဆုအတွက် ထိပ်ဆုံးကပြေး


၂၀၁၃ ခုနှစ် အော်စကာ တစ်ပေးခံရတဲ့ စကာတင် ရုပ်ရှင်ကားစာရင်း ကြေညာစဉ်။ ဇန်နဝါရီ ၁၀ ရက်၊
၂၀၁၃ ခုနှစ် အော်စကာ တစ်ပေးခံရတဲ့ စကာတင် ရုပ်ရှင်ကားစာရင်း ကြေညာစဉ်။ ဇန်နဝါရီ ၁၀ ရက်၊
၂၀၁၃ ခုနှစ် အော်စကာ တစ်ပေးခံရတဲ့ စကာတင် ရုပ်ရှင်ကားစာရင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါပြီ။ အမေရိကန်သမ္မတဟောင်း Abraham Lincoln အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်ကားဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု အပါအဝင် အော်စကာဆုပေါင်း ၁၂ ခုအတွက် တစ်ပေးခံထားရပါတယ်။ ဒီဇာတ်ကားကိုတော့ အော်စကာဆုရှင် နံမည်ကျော် ဒါရိုက်တာကြီး Steven Spielberg က ရိုက်ကူးထားတာပါ။

လင်ကွန်း ရုပ်ရှင်ကားနဲ့အတူ အကောင်းဆုံး ဇာတ်ကားဆုအတွက် စကာတင် ရွေးချယ်ခံထားရတဲ့ တခြား ရုပ်ရှင်ကားတွေကတော့ အိန္ဒိယနိုင်ငံက ဝတ္ထုကို အခြေခံပြီး ပင်လယ်ထဲမျောနေတဲ့ အိန္ဒိယလူငယ်လေးတယောက်အကြောင်း ရိုက်ကူးထားတဲ့ “Life of Pi” ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို အော်စကာဆုရှင် Ang Lee က ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

တခြား အကောင်းဆုံးဇာတ်ကားအဖြစ် စကာတင် ရွေးချယ်ခံရပြီး လူအများက စိတ်ဝင်စားကြသလို အငြင်းပွားဖွယ်ရာလည်း ဖြစ်နေတဲ့ ကားတကားကတော့ “Zero Dark Thirty” ဆိုတဲ့ အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင် ဖမ်းမိအောင် လိုက်လံစုံစမ်းတဲ့ CIA ထောက်လှမ်းရေးတယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

နောက် ပြင်သစ်သမိုင်းနောက်ခံနဲ့ တေးသရုပ်ဖော်အဖြစ် ရိုက်ကူးထားတဲ့ “Les Miserables” ၊ အီရန်နိုင်ငံမှာ ပြန်ပေးဆွဲခံလိုက်ရတဲ့ အမေရိကန်နိုင်ငံသားတွေအကြောင်း ရိုက်ကူးထားတဲ့ “Argo” ၊ ပြင်သစ် ဒရမ်မာဇာတ်ကား “Amour” ၊ “Silver Linings Playbook” ဆိုတဲ့ ဟာသဇာတ်မြူး ၊ ဇာတ်ကြမ်းကားတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ “Django Unchained” ဆိုတဲ့ အမေရိကန် လူမဲ ကျွန်တွေ လွှတ်မြောက်ရေး ကြိုးပမ်းသူတဦးရဲ့အကြောင်း ရိုက်ကူးထားတဲ့ကားနဲ့ “Beasts of the Southern Wild” ဆိုတဲ့ ဒဏ္ဍာရီဆန်ဆန် ရုပ်ရှင်ကားတို့ ဖြစ်ပါတယ်။
XS
SM
MD
LG