သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဗြိတိန်ခရီးစ


ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အမေရိကန်အခြေစိုက် NED ရုံးကို သွားရောက်စဉ် (၄ ဇွန် ၂၀၁၃)
ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အမေရိကန်အခြေစိုက် NED ရုံးကို သွားရောက်စဉ် (၄ ဇွန် ၂၀၁၃)
မကြာသေးခင်က အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ် ၈ ဦးဟာ ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းက ဘန်ကောက်လေဆိပ်ကနေ ဗြိတိန်နိုင်ငံကို ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိသျှသံရုံးနဲ့ ဗြိတိသျှကောင်စီတို့ရဲ့ ဖိတ်ကြားမှုနဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကြာမယ့် ခရီးစဉ်အတွင်း ဗြိတိန်သျှအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြမယ့်အကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာဖို့အတွက် အိုင်ယာလန်မြောက်ပိုင်းကိုလည်း သွားရောက်ဖို့ရှိပြီး Oxford တက္ကသိုလ်ကိုလည်း သွားရောက် လေ့လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

အင်္ဂလန်နိုင်ငံအခြေစိုက် လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိသလို၊ အင်္ဂလန်ရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံသွားမယ်လို့လည်း သိရပါတယ်။

ခရီးစဉ်အတွင်းမှာတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုကျော်ကျော်ထွေး၊ မမီးမီး နဲ့ မနီလာသိန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
XS
SM
MD
LG