သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေးဖိနှိပ်ခံရမှု ဗြိတိန်သံရုံးလူမှုကွန်ရက် ရေးသား


ဖိနှိပ်မှုကြားက ရန်ကုန်က အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတခု
ဖိနှိပ်မှုကြားက ရန်ကုန်က အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတခု

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ဖော်ဆောင်ရမှာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအပေါ် မြန်မာပြည်သူလူထုရဲ့ ခုခံဆန့်ကျင်မှု၊ စစ်တပ်အာဏာသိမ်းမှုနဲ့ အခြေခံ ဒီမိုကရေစီအခွင့်အရေး ရဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာလူထုရဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုစွမ်းရည်ကို ထပ်လောင်းအသိအမှတ်ပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သူတို့ဖေ့စ်ဘုတ်မှာ ဒီနေ့ရေးထားပါတယ်။

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်ပြီး မြန်မာနိုင်ငံဟာ လူမဆန်တဲ့ စစ်အာဏာရှင် စနစ်အောက်မှာ ပြန်ရောက်နေတယ်လို့ ဗြိတိန်သံရုံးက ရေးထားပါတယ်။

ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်ကစပြီး စစ်အာဏာရှင်ဟာ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒကို ဆက်ပြီး ဖိနှိပ်နေတယ်လို့ ရေးထားသလို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားပြီး မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေအပေါ် ဖိနှိပ်ထားတာ၊ ဒီမိုကရေစီလိုလားတဲံ အထင်ကရပုဂ္ဂိုလ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို မတရား ဖမ်းဆီးချုပ်နှောင်ထားတယ်လို့လည်း ဗြိတိန်သံရုံးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းကဆိုရင် မြန်မာနိုင်ငံအခြေစိုက် သံအဖွဲ့တွေထဲမှာ ဗြိတိန်နဲ့ အမေရိကန်တို့ဟာ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာတွေအပေါ် အပြင်းထန်ဆုံး ပြစ်တင် ဝေဖန် ပြောဆိုလေ့ရှိတဲ့ ပြည်ပသံအဖွဲ့တွေဖြစ်ပါတယ်။
ဒီသံအဖွဲ့တွေရဲ့ အဲဒီလို ဝေဖန် ပြောဆိုချက်တွေအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတခုအတွင်း အပြင်းအထန် တုံ့ပြန် ပြောဆိုခဲ့ဖူးပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ဖြိုခွဲဖမ်းဆီးတာတွေ ဆက်လုပ်နေသလို ဆန္ဒပြပွဲတွေကလည်း နိုင်ငံတွင်း ဒေသတချို့မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။
မန္တလေးမြို့က ဒီနေ့ မြတောင်သပိတ်ကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲတာကြောင့် ဖမ်းဆီးခံရသူတွေရှိခဲ့ပါတယ်။

.........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG