သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံကူးလက္မွတ္႐ုံးျပန္ဖြင့္ ေလွ်ာက္လႊာတင္သူမ်ားျပည့္ႏွက္


ျမန္မာနိုင္ငံကူးလက္မွတ္ (ဓာတ္ပံု - AP)

(Zagyi/Unicode)

၂ လၾကာပိတ္ထားတဲ့ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးတဲ့႐ုံးေတြဒီေန႔ျပန္ဖြင့္တဲ့အတြက္ ရန္ကုန္ၿမိဳ႕က ႐ုံးေရွ႕မွာ လူေတြ ႀကိတ္ႀကိတ္တိုးတန္းစီၿပီး ႏိုင္ငံကူးလက္မွတ္လာလုပ္ခဲ့ၾကပါတယ္။ တခ်ိဳ႕က မနက္ ၅ နာရီေလာက္ထဲ လာတန္းစီေနတဲ့အတြက္ ၇ နာရီထိုးခ်ိန္မွာကို လူေတြ အေတာ္မ်ားေနၿပီလို႔ ဝန္ေဆာင္မႈေပးသူတေယာက္က ဗီအိုေအကို ေျပာပါတယ္။ ႏိုင္ငံေရး စီးပြားေရး အေျခအေနမေကာင္းခ်ိန္ ျပည္ပႏိုင္ငံေတြထြက္ၿပီး ပညာသင္၊ အလုပ္လုပ္ခ်င္သူေတြ မ်ားေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္း က္ိုသိန္းထိုက္ဦးေျပာျပပါမယ္။

ႏိုင္ငံ့ဝန္ထမ္းေတြအားလုံး စက္တင္ဘာ ၁၃ ရက္ကစၿပီး ေန႔တိုင္း႐ုံးတက္ရမယ္လို႔ ကိုဗစ္ထိန္းခ်ဳပ္ေရးေကာ္မတီက ေသာၾကာေန႔က ေၾကညာၿပီးတဲ့ေနာက္ ဒီေန႔ စက္တင္ဘာ ၁၃ ရက္မွာ တျခားအစိုးရ႐ုံးေတြနည္းတူ ရန္ကုန္ၿမိဳ႕က ႏိုင္ငံကူးလက္မွတ္႐ုံး (Passport ရံုး) ဒီေန႔ျပန္ဖြင့္ပါတယ္။ ရန္ကင္းၿမိဳ႕နယ္ထဲက Passport ရံုးေ႐ွ႕မွာ မနက္အေစာပိုင္းထဲက Passport လုပ္ခ်င္သူေတြ တန္းစီေနၾကတယ္လို႔ ပတ္စ္ပို႔ဝန္ေဆာင္မႈေပးေနတဲ့ လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။ သူကိုယ္တိုင္လည္း ဆရာစံလမ္းေပၚက ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးတဲ့႐ုံးကို ဒီေန႔သြားခဲ့တာပါ။

“ႏိုင္ငံေရးအေျခအေနနဲ႔ ဘာနဲ႔ဆိုေတာ့ အကုန္လုံးက သိတဲ့အတိုင္းပဲ သြားခ်င္ေနၾကတာဗ်ာ။ ၅ နာရီ လာတဲ့သူလည္းရွိတယ္၊ ၄ နာရီ မထိုးခင္ကတည္းက ေရာက္ေနတဲ့သူလည္းရွိတယ္၊ အဲဒီလို လာတန္းစီေနၾကတာ၊ မနက္ဘက္ ၇ နာရီေလာက္ဆို လူေတြကအုံေနၿပီ အဲဒီနားမွာ။ ျပည္ပမွာ အလုပ္လုပ္ဖို႔ဗ်ာ၊ ထိုင္းတို႔၊ စကၤာပူတို႔၊ အဲလိုမ်ိဳးမွာလုပ္ဖို႔၊ အဲဒီလိုလာၾကတာမ်ားတယ္။ တခ်ိဳ႕က အေမရိကားမွာ ေနဖို႔အတြက္ကို DV ေဖာင္ ေလွ်ာက္ဖို႔ အဲလိုမ်ိဳးလာတာ၊ အစုံပါပဲဗ်ာ။”

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနခ်ိန္ ႏိုင္ငံေရး၊ စီးပြားေရး မတည္မၿငိမ္ျဖစ္ေနတာေၾကာင့္ ျပည္ပႏိုင္ငံေတြကို သြားၿပီးအလုပ္လုပ္ခ်င္သူ၊ ပညာခ်င္သူေတြ ပိုၿပီးမ်ားလာပါတယ္။ ကိုဗစ္ေၾကာင့္ Passport ရံုးေတြ ယာယီ မပိတ္ခင္ ေမလတုန္းကလည္း ႏိုင္ငံကူးလက္မွတ္ထုတ္ေပးတဲ့႐ုံးေရွ႕မွာ လူ ၄၀၀၊ ၅၀၀ ေက်ာ္အထိ ေန႔တိုင္းရွိေၾကာင္း သူကေျပာပါတယ္။ ၂ လၾကာ႐ံုးပိတ္ထားၿပီး ျပန္ဖြင့္တဲ့ ဒီေန႔မွာေတာ့ လာၾကသူ ၇၀၀ ေလာက္႐ွိတယ္လို႔ ရန္ကုန္ႏိုင္ငံကူးလက္မွတ္႐ုံးရဲ႕ တာဝန္ခံတဦးက ဗြီအိုေအကို ေျပာပါတယ္။ ေန႔လည္ ၁၂ နာရီေနာက္ဆုံးထားၿပီး ဘဏ္ေငြသြင္းရတာျဖစ္လို႔ မနက္ေစာေစာလာၾကဖို႔လည္း သူက အႀကံျပဳပါတယ္။

“ ဒီေန႔ခန႔္မွန္းေျခ ၇၀၀ ေလာက္ရွိတယ္၊ လူအေရအတြက္ ကန႔္သတ္ထားတာေတာ့ မရွိပါဘူး၊ ေစာေစာေလးလာ၊ ၿပီးတယ္ခင္ဗ်။”

ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းေတြနဲ႔ တိုင္းနဲ႔ ျပည္နယ္အစိုးရ႐ုံးေတြ စက္တင္ဘာ ၁၃ ရက္ကစၿပီး ေန႔တိုင္း႐ုံးျပန္တက္ရမယ္လို႔ ကိုဗစ္ထိန္းခ်ဳပ္ေရး ေကာ္မတီက ေၾကညာထားတဲ့အတြက္ ေနျပည္ေတာ္၊ မႏၲေလးနဲ႔ ေဒသတခ်ိဳ႕က ႏိုင္ငံကူးလက္မွတ္႐ုံးေတြလည္း ဒီကေန႔ျပန္ဖြင့္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံကေန ႏိုင္ငံျခားထြက္အလုပ္လုပ္ၾကသူေတြထဲမွာ အိမ္နီးခ်င္း ထိုင္း၊ မေလး႐ွားစတဲ့ ႏိုင္ငံေတြမွာ သြားေရာက္အလုပ္လုပ္သူေတြ အမ်ားဆံုးျဖစ္ပါတယ္။ ျမန္မာအလုပ္သမား ဝန္ႀကီးဌာနရဲ႕ စာရင္းအရ ျပည္ပထြက္အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသား ၄ သန္းေက်ာ္ ႐ွိပါတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


နိုင်ငံကူးလက်မှတ်ရုံးပြန်ဖွင့် လျှောက်လွှာတင်သူများပြည့်နှက်

(Unicode)

၂ လကြာပိတ်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေဒီနေ့ပြန်ဖွင့်တဲ့အတွက် ရန်ကုန်မြို့က ရုံးရှေ့မှာ လူတွေ ကြိတ်ကြိတ်တိုးတန်းစီပြီး နိုင်ငံကူးလက်မှတ်လာလုပ်ခဲ့ကြပါတယ်။ တချို့က မနက် ၅ နာရီလောက်ထဲ လာတန်းစီနေတဲ့အတွက် ၇ နာရီထိုးချိန်မှာကို လူတွေ အတော်များနေပြီလို့ ဝန်ဆောင်မှုပေးသူတယောက်က ဗီအိုအေကို ပြောပါတယ်။ နိုင်ငံရေး စီးပွားရေး အခြေအနေမကောင်းချိန် ပြည်ပနိုင်ငံတွေထွက်ပြီး ပညာသင်၊ အလုပ်လုပ်ချင်သူတွေ များနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုသိန်းထိုက်ဦးပြောပြပါမယ်။

နိုင်ငံ့ဝန်ထမ်းတွေအားလုံး စက်တင်ဘာ ၁၃ ရက်ကစပြီး နေ့တိုင်းရုံးတက်ရမယ်လို့ ကိုဗစ်ထိန်းချုပ်ရေးကော်မတီက သောကြာနေ့က ကြေညာပြီးတဲ့နောက် ဒီနေ့ စက်တင်ဘာ ၁၃ ရက်မှာ တခြားအစိုးရရုံးတွေနည်းတူ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ရုံး (Passport ရုံး) ဒီနေ့ပြန်ဖွင့်ပါတယ်။ ရန်ကင်းမြို့နယ်ထဲက Passport ရုံးရှေ့မှာ မနက်အစောပိုင်းထဲက Passport လုပ်ချင်သူတွေ တန်းစီနေကြတယ်လို့ ပတ်စ်ပို့ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ သူကိုယ်တိုင်လည်း ဆရာစံလမ်းပေါ်က နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးကို ဒီနေ့သွားခဲ့တာပါ။

“နိုင်ငံရေးအခြေအနေနဲ့ ဘာနဲ့ဆိုတော့ အကုန်လုံးက သိတဲ့အတိုင်းပဲ သွားချင်နေကြတာဗျာ။ ၅ နာရီ လာတဲ့သူလည်းရှိတယ်၊ ၄ နာရီ မထိုးခင်ကတည်းက ရောက်နေတဲ့သူလည်းရှိတယ်၊ အဲဒီလို လာတန်းစီနေကြတာ၊ မနက်ဘက် ၇ နာရီလောက်ဆို လူတွေကအုံနေပြီ အဲဒီနားမှာ။ ပြည်ပမှာ အလုပ်လုပ်ဖို့ဗျာ၊ ထိုင်းတို့၊ စင်္ကာပူတို့၊ အဲလိုမျိုးမှာလုပ်ဖို့၊ အဲဒီလိုလာကြတာများတယ်။ တချို့က အမေရိကားမှာ နေဖို့အတွက်ကို DV ဖောင် လျှောက်ဖို့ အဲလိုမျိုးလာတာ၊ အစုံပါပဲဗျာ။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေချိန် နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်နေတာကြောင့် ပြည်ပနိုင်ငံတွေကို သွားပြီးအလုပ်လုပ်ချင်သူ၊ ပညာချင်သူတွေ ပိုပြီးများလာပါတယ်။ ကိုဗစ်ကြောင့် Passport ရုံးတွေ ယာယီ မပိတ်ခင် မေလတုန်းကလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးရှေ့မှာ လူ ၄၀၀၊ ၅၀၀ ကျော်အထိ နေ့တိုင်းရှိကြောင်း သူကပြောပါတယ်။ ၂ လကြာရုံးပိတ်ထားပြီး ပြန်ဖွင့်တဲ့ ဒီနေ့မှာတော့ လာကြသူ ၇၀၀ လောက်ရှိတယ်လို့ ရန်ကုန်နိုင်ငံကူးလက်မှတ်ရုံးရဲ့ တာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ နေ့လည် ၁၂ နာရီနောက်ဆုံးထားပြီး ဘဏ်ငွေသွင်းရတာဖြစ်လို့ မနက်စောစောလာကြဖို့လည်း သူက အကြံပြုပါတယ်။

“ ဒီနေ့ခန့်မှန်းခြေ ၇၀၀ လောက်ရှိတယ်၊ လူအရေအတွက် ကန့်သတ်ထားတာတော့ မရှိပါဘူး၊ စောစောလေးလာ၊ ပြီးတယ်ခင်ဗျ။”

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရရုံးတွေ စက်တင်ဘာ ၁၃ ရက်ကစပြီး နေ့တိုင်းရုံးပြန်တက်ရမယ်လို့ ကိုဗစ်ထိန်းချုပ်ရေး ကော်မတီက ကြေညာထားတဲ့အတွက် နေပြည်တော်၊ မန္တလေးနဲ့ ဒေသတချို့က နိုင်ငံကူးလက်မှတ်ရုံးတွေလည်း ဒီကနေ့ပြန်ဖွင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ နိုင်ငံခြားထွက်အလုပ်လုပ်ကြသူတွေထဲမှာ အိမ်နီးချင်း ထိုင်း၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်သူတွေ အများဆုံးဖြစ်ပါတယ်။ မြန်မာအလုပ်သမား ဝန်ကြီးဌာနရဲ့ စာရင်းအရ ပြည်ပထွက်အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ၄ သန်းကျော် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG