သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အက်ပ္အတည္း ကေလးငယ္မ်ိဳးဆက္တခုလုံး ထိခိုက္ႏိုင္ေၾကာင္း CRC သတိေပး


ကခ်င္ဒုကၡသည္စခန္းက ကေလးငယ္မ်ား။

ZAWGYI/UNICODE

ျမန္မာ့ႏိုင္ငံေရးအက်ပ္အတည္းေၾကာင့္ ျမန္မာကေလးငယ္ မ်ိဳးဆက္တခုလုံး ထိခိုက္ပ်က္စီးသြားေစႏိုင္ေၾကာင္း ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ကုလသမဂၢေကာ္မတီ (CRC) က သတိေပးလိုက္ပါတယ္။

စစ္အာဏာသိမ္းခ်ိန္ကစလို႔ အသတ္ခံရတဲ့ကေလး ၇၅ ေယာက္၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့ကေလး ၁,၀၀၀ ဝန္းက်င္နဲ႔ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ပညာသင္ခြင့္ ဆုံးရႈံးသူေတြကေတာ့ မေရတြက္ႏိုင္ေအာင္ရွိေနေၾကာင္း CRC က လက္ခံရရွိတဲ့ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းအခ်က္အလက္ေတြကို ကိုးကားၿပီး ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ ရဲတပ္ဖြဲဝင္ေတြက ကေလးေတြကို သတ္ျဖတ္ေနတာနဲ႔ပတ္သက္လို႔ CRC က အျပင္းအထန္ ျပစ္တင္ရႈတ္ခ်ထားပါတယ္။ သူတို႔ရဲ႕ေနအိမ္ေတြထဲမွာတင္ အသတ္ခံခဲ့ၾကရတဲ့ ကေလးေတြထဲမွာ မႏၲေလးၿမိဳ႕က ၆ ႏွစ္အ႐ြယ္ မိန္းကေလးတဦးဟာ ဖခင္ရင္ခြင္ထဲမွာပဲ ဝမ္းဗိုက္ကို ပစ္ခတ္သတ္ျဖတ္ခံခဲ့ရတာလည္း ပါဝင္ပါတယ္။

ကေလးေတြဟာလည္း လူႀကီးေတြနဲ႔မျခား ေန႔စဥ္နဲ႔အမွ် အၾကမ္းဖက္ခံရတယ္၊ ပရမ္းပတာ ပစ္ခတ္ခံရတယ္၊ တမင္တကာ ဖမ္းဆီးခံေနၾကရတယ္၊ မိဘေတြနဲ႔ ေမြးခ်င္းေတြ အခုလို ျဖစ္ပ်က္သမွ်ကိုလည္း ျမင္ေတြ႕ေနၾကရတယ္လို႔ CRC ဥကၠ႒ Mikiko Otani က ေျပာပါတယ္။

ျမန္မာျပည္တြင္း လုံၿခဳံေရးတပ္ဖြဲ႕ေတြက ေဆး႐ုံေတြ၊ေက်ာင္းေတြနဲ႔ ဘာသာေရးအေဆာက္အဦးေတြကို သိမ္းပိုက္၊ တပ္စြဲထားေၾကာင္း ကုလလူ႔အခြင့္အေရးအဖြဲ႕႐ုံးက ယုံၾကည္စိတ္ခ်ရတဲ့ အစီရင္ခံစာေတြကို လက္ခံရရွိထားတယ္လို႔ေျပာပါတယ္။

ဒါ့အျပင္ ျမန္မာျပည္တြင္းက ကေလးငယ္ ၁ သန္းဟာ မလြဲမေသြထိုးရမယ့္ ကာကြယ္ေဆးေတြ မထိုးရေၾကာင္း ၊ အလြန္အမင္း အာဟာရဓာတ္ခ်ိဳ႕တဲ့ေနၾကတဲ့ ကေလး ၄၀,၀၀၀ ေက်ာ္ဟာလည္း ကုသမႈမရၾကေတာ့ေၾကာင္း CRC ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျဖစ္ေနတဲ့ျပႆနာေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းဖို႔ ခ်က္ျခင္းအေရးယူ ေဆာင္႐ြက္ေရး ေတာင္းဆိုထားၿပီး ကေလးေတြရဲ႕အခြင့္အေရးေတြကို အစြမ္းကုန္ ကာကြယ္ေပးဖို႔နဲ႔ ျမႇင့္တင္ေပးေရး ကေလးသူငယ္အခြင့္အေရးဆိုင္ရာသေဘာတူညီခ်က္ေတြကို ေလးစားလိုက္နာဖို႔ကိုလည္း ျမန္မာႏိုင္ငံကို တိုက္တြန္းထားပါတယ္။

UNICODE

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာကလေးငယ် မျိုးဆက်တခုလုံး ထိခိုက်ပျက်စီးသွားစေနိုင်ကြောင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီ (CRC) က သတိပေးလိုက်ပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ အသတ်ခံရတဲ့ကလေး ၇၅ ယောက်၊ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ကလေး ၁,၀၀၀ ဝန်းကျင်နဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ခွင့် ဆုံးရှုံးသူတွေကတော့ မရေတွက်နိုင်အောင်ရှိနေကြောင်း CRC က လက်ခံရရှိတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲဝင်တွေက ကလေးတွေကို သတ်ဖြတ်နေတာနဲ့ပတ်သက်လို့ CRC က အပြင်းအထန် ပြစ်တင်ရှုတ်ချထားပါတယ်။ သူတို့ရဲ့နေအိမ်တွေထဲမှာတင် အသတ်ခံခဲ့ကြရတဲ့ ကလေးတွေထဲမှာ မန္တလေးမြို့က ၆ နှစ်အရွယ် မိန်းကလေးတဦးဟာ ဖခင်ရင်ခွင်ထဲမှာပဲ ဝမ်းဗိုက်ကို ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာလည်း ပါဝင်ပါတယ်။

ကလေးတွေဟာလည်း လူကြီးတွေနဲ့မခြား နေ့စဉ်နဲ့အမျှ အကြမ်းဖက်ခံရတယ်၊ ပရမ်းပတာ ပစ်ခတ်ခံရတယ်၊ တမင်တကာ ဖမ်းဆီးခံနေကြရတယ်၊ မိဘတွေနဲ့ မွေးချင်းတွေ အခုလို ဖြစ်ပျက်သမျှကိုလည်း မြင်တွေ့နေကြရတယ်လို့ CRC ဥက္ကဋ္ဌ Mikiko Otani က ပြောပါတယ်။

မြန်မာပြည်တွင်း လုံခြုံရေးတပ်ဖွဲ့တွေက ဆေးရုံတွေ၊ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို သိမ်းပိုက်၊ တပ်စွဲထားကြောင်း ကုလလူ့အခွင့်အရေးအဖွဲ့ရုံးက ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေကို လက်ခံရရှိထားတယ်လို့ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်းက ကလေးငယ် ၁ သန်းဟာ မလွဲမသွေထိုးရမယ့် ကာကွယ်ဆေးတွေ မထိုးရကြောင်း ၊ အလွန်အမင်း အာဟာရဓာတ်ချို့တဲ့နေကြတဲ့ ကလေး ၄၀,၀၀၀ ကျော်ဟာလည်း ကုသမှုမရကြတော့ကြောင်း CRC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖြစ်နေတဲ့ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ချက်ခြင်းအရေးယူ ဆောင်ရွက်ရေး တောင်းဆိုထားပြီး ကလေးတွေရဲ့အခွင့်အရေးတွေကို အစွမ်းကုန် ကာကွယ်ပေးဖို့နဲ့ မြှင့်တင်ပေးရေး ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG