သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ကူလုပ်သားတွေကာကွယ်ရေး ILO သဘောတူညီချက် လက်မှတ်ထိုးဖို့ ထိုင်းကိုတိုက်တွန်း


အင်ဒိုနီးရှား အိမ်ဖော်တဦး ပြတင်းပေါက်သန့်ရှင်းရေးလုပ်နေစဉ် ( ဓာတ်ပုံ - AFP)
အင်ဒိုနီးရှား အိမ်ဖော်တဦး ပြတင်းပေါက်သန့်ရှင်းရေးလုပ်နေစဉ် ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ထိုင်းနိုင်ငံမှာ အိမ်အကူလုပ်သားတွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ ကာကွယ်ပေးနိုင်ရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့သဘောတူညီချက်အမှတ် ၁၈၉ ကို ထိုင်းအစိုးရကလက်မှတ်ထိုးဖို့ အိမ်အကူလုပ်သားကွန်ယက်နဲ့ ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ဇွန်လ ၂၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

အိမ်အကူလုပ်သားတွေကို က ာကွယ်ပေးဖို့အခွင့်အရေး စောင့်ဆိုင်းခဲ့တဲ့ ၁၀ နှစ်ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့ ကြာသပတေးနေ့က ဘန်ကောက်မြို့မှာကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကနေ ထိုင်းအစိုးရကို အခုလို တောင်းဆိုခဲ့ကြတာပါ။

ထိုင်းနိုင်ငံမှာ အိမ်အကူလုပ်သားတွေထဲ မြန်မာနိုင်ငံက အများဆုံးဖြစ်ပြီး အများစုက တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လုပ်ကိုင်နေကြတာကြောင့် သူတို့အခွင့်အရေးတွေကို ကာကွယ်ဖို့ စည်းကမ်းချက်တွေ ရှင်းရှင်းလင်းလင်းမရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်တဲ့ MWG အဖွဲ့ရဲ့ မန်နေဂျာ (Adisorn Kerdmongkol) က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ထိုင်းအလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအရာရှိ (Nuinggruthai Petch-air) က ထိုင်းဝန်ကြီးဌာနအနေနဲ့ အလုပ်သမားအခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြုပြင်ဖို့ ကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။ ပြင်ဆင်မယ့်စည်းကမ်းချက်တွေမှာ အိမ်အကူလုပ်သားတွေရဲ့ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ဖို့၊ အလုပ်ချိန် ၈ နာရီထက်မပိုစေဖို့နဲ့ ကိုယ်ဝန်ရှိလို့ အလုပ်ထုတ်လိုက်တာမျိုးမလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အရာရှိက ပြောခဲ့ပါတယ်။

................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG