သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံသားစိစစ္ေရးကဒ္ ၄သန္းထုတ္ေပးေရးေမွ်ာ္မွန္းတဲ့ ပန္းခင္းစီမံခ်က္


ျမ၀တီျမိဳ ့နယ္စပ္က လူ၀င္မႈၾကီးၾကပ္ေရးဂိတ္တခု (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ျမန္မာတႏိုင္ငံလုံးမွာ အိမ္ေထာင္စုစာရင္းနဲ႔ ႏုိင္ငံသားကဒ္ ဒါမွမဟုတ္ ကိုင္ေဆာင္သင့္တဲ့ ကဒ္တမ်ဳိးမ်ဳိး ထုတ္ေပးမယ့္ ပန္းခင္းစီမံခ်က္ကို စစ္ေကာင္စီက ေဆာင္႐ြက္ေနပါတယ္။ ဒီစီမံခ်က္နဲ႔ တႏိုင္ငံလံုး ႏိုင္ငံသားစိစစ္ေရးကဒ္ ၄ သန္း ထုတ္ေပးႏိုင္မယ္လို႔ေမ ွ်ာ္လင့္ထားတယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာနဝန္ႀကီး ဦးခင္ရီက ဗီအိုေအျမန္မာပိုင္းကို ေျပာပါတယ္။ ဒီစီမံခ်က္အရ ရခိုင္ျပည္နယ္က ႏုိင္ငံသားျဖစ္ခြင့္႐ွိသူေတြ ႏိုင္ငံသားစိစစ္ေရးကဒ္ေတြ ရႏိုင္ဖုိ႔ ပိုၿပီးနီးစပ္လာပါၿပီလား။ ရန္ကုန္ကလာတဲ့သတင္းကို မျမသဇင္ေအာင္ ကတင္ျပပါမယ္။

တႏိုင္ငံလုံးမွာ ႏိုင္ငံသားစိစစ္ေရးကဒ္ျပား ၄ သန္းနီးပါး ထုတ္ေပးမယ့္ ပန္းခင္းစီမံခ်က္ကို စစ္ေကာင္စီက စတင္လုပ္ေဆာင္ၿပီလို႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာနဝန္ႀကီး ဦးခင္ရီက ဗြီအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။ တႏိုင္ငံတဝန္းလံုးလုပ္ေနတဲ့ စီမံခ်က္ျဖစ္ၿပီး တည္ဆဲ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒအရ ႏိုင္ငံသားျဖစ္ခြင့္ရွိသူတိုင္းကိုေပးဖို႔ လုပ္တာျဖစ္တယ္လို႔ ဦးခင္ရီက ခုလိုေျပာပါတယ္။

"ပန္းခင္းစီမံခ်က္က ႏိုင္ငံသားကတ္ရသင့္ရွိတဲ့ သူေတြ ရသင့္ရထိုက္တဲ့ လူေတြကို လုပ္ေပးတဲ့ အစီအမံပါ။ ဒါေတြက လူမႈစီးပြားဘဝအတြက္ အေရးႀကီးတယ္ေလ။ ဒီဌာနရဲ႕ လုပ္ငန္းတာဝန္ တရပ္လဲျဖစ္တယ္။ ႏိုင္ငံေတာ္လည္း လိုအပ္ခ်က္လဲျဖစ္တယ္ေလ။ ဟိုးအရင္ေ႐ြး ေကာက္ပြဲေတြမွာလဲ မွတ္ပုံတင္မရွိဘဲ မဲေပးတာေတြႀကဳံခဲ့တာေပါ့. အက်ဳံးဝင္တဲ့ သူေတြ အကုန္ပါပါ မယ္။ ႏိုင္ငံသားျဖစ္ခြင့္ရွိသူတိုင္းပါပါမယ္။ ေဒသနဲ႔မဆိုင္ပါဘူးခင္ဗ်။ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ရသင့္တဲ့လူ အကုန္လုံးေပးမွာဘဲေလ။ လတ္တေလာမွာ က်ေနာ္တို႔ ကာလေလးတခု တြက္ၿပီးေတာ့ ေခ်ာေခ်ာေမြ႕ေမြ႕ လုပ္ႏိုင္ရင္ ၃သန္းခြဲနဲ႔ ၄သန္းၾကားေပးႏိုင္တာေပါ့ေနာ္။ ဒါကေတာ့ၿမိဳ႕နယ္တခုမွာ ဘယ္ေလာက္လုပ္ႏိုင္လဲ အားနဲ႔တြက္တာေပါ့ေနာ္"

စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ ေမလ ၅ ရက္မွာ ပန္းခင္းစီမံခ်က္ကို စတင္ဖုိ႔ စီစဥ္ခဲ့ေပမဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အခုမွ လုပ္ငန္းေတြ စတင္လုပ္ေနတာလို႔ ဝန္ႀကီး ဦးခင္ရီက ေျပာပါတယ္။ ဒီစီမံခ်က္ကို ႏိုင္ငံတဝန္းကို ရည္႐ြယ္ထား တယ္လို႔ သူကေျပာေပမယ့္ စိန္ေခၚမႈေတြ႐ွိတဲ့ တခ်ဳိ႕ေဒသေတြမွာေတာ့ မစႏိုင္ေသးပါဘူး။

"အႀကီးမားဆုံးစိန္ေခၚမႈက သြားလို႔လာလို႔ မရတာေပါ့ေနာ္. ကိုဗစ္ကာလဆိုေတာ့ Stay at tome ေနရာေတြလဲမ်ားတယ္ေလ။ အဲေတာ့သြားလို႔ ျပဳလို႔မရဘူးေပါ့။ ေနာက္ လူထုကလည္း ျပည္သူ ေတြအေနနဲ႔ကေတာ့ ထပ္ၿပီးအသိေပးဖို႔လိုတာေပါ့ေနာ္။ အခုေမြးလာတဲ့ သူေတြရွိတယ္။ ဆုံးတဲ့ သူေတြရွိတယ္။ ရွိတဲ့လူေတြကေပ်ာက္တာေတြရွိတယ္။ ဒါေတြကေတာ့ဒီဌာနက အၿမဲ Update.လုပ္ေန ရမွာဘဲ။ ဒါေၾကာင့္ဒီဌာနက အၿမဲတမ္းေတာက္ေလွ်ာက္လုပ္ေနရတဲ့ သေဘာပါဘဲ။ အႀကီးဆုံးစိန္ေခၚမႈ ကကိုဗစ္ေပါ့၊ အခ်ိဳ႕ေနရာေတြက်ေတာ့ လုံၿခဳံမႈ နည္းနည္းလိုတာေပါ့ေလ။သြားရ ၊လာရ၊ ကြင္းဆင္းရတာ။"

ႏိုင္ငံသားစိစစ္ေရးကတ္ျပား လုပ္မယ့္သူေတြဟာ အိမ္ေထာင္စု လူဦးေရစာရင္း၊ မိဘႏွစ္ပါးရဲ႕ မွတ္ပုံတင္မိတၱဴ၊ အဘိုးအဘြားေတြနဲ႔ ေမာင္ႏွမရင္းခ်ာေတြရဲ႕ အမည္၊ မွတ္ပုံတင္အမွတ္နဲ႔ လိပ္စာေတြ လိုပါတယ္။ အသက္အေထာက္အထားအတြက္ ေမြးစာရင္း ဒါမွမဟုတ္ ေက်ာင္းသားကဒ္ ဒါမွမဟုတ္ ေက်ာင္းေထာက္ခံခ်က္ လိုအပ္ပါတယ္။ ရပ္ကြက္တြင္း ေနထိုင္ေၾကာင္း ေထာက္ခံခ်က္နဲ႔ ေသြးအမ်ိဳးအစားလည္း လိုအပ္မွာျဖစ္ပါတယ္။ တိုင္းရင္းသားေတြအတြက္ကေတာ့ သန္းေခါင္စာရင္းမရွိရင္လည္း ပူးေပါင္းအဖြဲ႕နဲ႔ ကြင္းဆင္းေဆာင္႐ြက္ေပးမယ္လို႔ ဝန္ႀကီး ဦးခင္ရီက ေျပာပါတယ္။ သန္းေခါင္စာရင္းမရွိသူေတြကို စိစစ္ေထာက္ခံေပးဖို႔ လဝကၿမိဳ႕နယ္ ဦးစီးမွဴး၊ ၿမိဳ႕နယ္စီမံကိန္းဦးစီးဌာန၊ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႕နဲ႔ ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴးတို႔ ပါတဲ့ ၅ ဦးေကာ္မတီဖြဲ႕ လုပ္ေဆာင္ေပးေနတာလို႔ သူကေျပာပါတယ္။

တႏိုင္ငံလုံးလုပ္တဲ့ ပန္းခင္းစီမံခ်က္မွာ ရခိုင္မွာရွိေနတဲ့ ႏိုင္ငံသားျဖစ္ခြင့္ရွိတဲ့ မြတ္ဆလင္ေတြ ႏိုင္ငံသားကတ္ရဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ အတြင္းေရးမႈး ဦးေက်ာ္စိုးေအာင္ကေတာ့ ေျပာပါတယ္။ တန္းတူအခြင့္အေရးအရ ႏိုင္ငံသားကဒ္ေတြ ထုတ္ေပးဖို႔ ေမွ်ာ္လင့္တယ္လို႔ ဗီအိုေအ ကိုေျပာပါတယ္။

"ရခိုင္မွာရွိတဲ့ အစၥလမ္ဘာသာဝင္ေတြ ႐ိုဟင္ဂ်ာလူမ်ိဳးေတြေပါ့။ ေခတ္အဆက္ဆက္ တိုင္းရင္းသားႏိုင္ငံသားေတြျဖစ္တယ္။ စစ္အစိုးရ တက္ေတာ့မွ ခြဲျခားဆက္ဆံခံရ ၿပီးေတာ့က်ေနာ္တို႔လူေတြဆီက နစက လက္ထက္တုန္းကလည္း ႏိုင္ငံသားအေထာက္အထားေတြ သိမ္း လိုက္တယ္။ ၿပီးေတာ့ျပန္ထုတ္မေပးဘူး သူတို႔ဆီကေမြးလာတဲ့ ကေလးေတြကိုလည္းထုတ္ မေပးဘူး၊ မေပးေတာ့တခ်ိဳ႕ေတြက သန္းေခါင္စာရင္း မရွိတာေတြ ႏိုင္ငံသားကတ္မရတာေတြ တပုံတပန္းႀကီးဘဲ။ ခုေလာေလာဆယ္ ပန္းခင္းစီမံကိန္းနဲ႔ တႏိုင္ငံလုံးေပးမယ္ဆိုၿပီး ေျပာထားေတာ့ သူတို႔လည္းရမယ္ဆို ၿပီး ႐ိုဟင္ဂ်ာလူထုေတြက ေမွ်ာ္လင့္ၿပီးေစာင့္စားေနေပမယ့္ ေလာေလာဆယ္ ဘာမွေတာ့ မရွိေသးဘူး ဒီႏိုင္ငံရဲ႕ ပင္စည္ေပါက္ပြားေတြျဖစ္တယ္။ ေပးကိုေပးရမွာေပါ့။ သူတို႔ရသင့္ရထိုက္တဲ့ အခြင့္အေရးကို ေပးကိုေပးရမွာေပါ့။ ခုမေပးဘူးဆိုတာက အရင္ေပးတဲ့ အစိုးရေတြကမွားလို႔ ခုက မွန္လို႔လားဆို တာေမးခြန္း ထုတ္စရာျဖစ္လာၿပီ။ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းႏိုင္ငံေခါင္းေဆာင္ေတြက အေမွ်ာ္ အျမင္ရွိရွိနဲ႔ တန္းတူ ႏိုင္ငံသားေပးခဲ့တဲ့ အတိုင္း ေရွ႕ဆက္ၿပီးေပးရမွာေပါ ဒီလိုဘဲ အႀကံေပးခ်င္တယ္။"

ရခိုင္ျပည္နယ္မွာ႐ွိတဲ့ မြတ္ဆလင္ေတြက သူတုိ႔ကို သူတုိ႔ ႐ိုဟင္ဂ်ာလို႔ေျပာေပမဲ့ စစ္ေကာင္စီကေတာ့ လက္မခံဘဲ ဘဂၤလီေတြလို႔သာ ရည္ၫႊန္းသံုးႏႈန္းပါတယ္။ စစ္ေကာင္စီလုပ္ေနတဲ့ ပန္းခင္းစီမံခ်က္ကို တစ္ႏွစ္ခြဲအခ်ိန္ယူၿပီး ၂၀၂၂ ႏိုဝင္ဘာ ၃ ရက္အထိ လုပ္ေပးမွာျဖစ္တယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးဌာနက ထုတ္ျပန္ထားပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲမသာမႈေတြ႐ွိတာေၾကာင့္ အာဏာသိမ္းခဲ့တယ္လို႔ေျပာေနတဲ့ စစ္ေကာင္စီက ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ မွတ္ပုံတင္ မရွိဘဲ မဲေပးသူ ၄ ဒသမ ၆ သန္းေက်ာ္ ရွိတယ္လို႔ စိစစ္ေတြ႔ခဲ့ေၾကာင္း ထုတ္ျပန္ထားပါတယ္။ ဒီလို မွတ္ပုံတင္ မရွိဘဲ မဲေပးသူေတြရွိခဲ့တယ္လို႔ ထုတ္ျပန္အၿပီး မၾကာခင္မွာဘဲ ႏိုင္ငံသားစိစစ္ေရးကဒ္ေတြ ထုတ္ေပးတဲ့ ပန္းခင္းစီမံခ်က္ကို စတင္တာျဖစ္ပါတယ္။

အရင္အစိုးရေတြ လက္ထက္တုန္းကလည္း အလားတူ စီမံခ်က္ေတြ လုပ္ခဲ့တာရွိပါတယ္။ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ လက္ရွိ ဝန္ႀကီး ဦးခင္ရီ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး တာဝန္ယူစဥ္တုန္းက မိုးပြင့္စီမံခ်က္နဲ႔ လူ ၇ သန္းခြဲ နီးပါးကို ႏိုင္ငံသားစိစစ္ေရးကဒ္ျပား ထုတ္ေပးခဲ့ပါတယ္။ NLD အစိုးရ တာဝန္ယူစဥ္မွာလည္း သစၥာစီမံခ်က္နဲ႔ ႏိုင္ငံသားစိစစ္ေရးကဒ္ျပား ၆ သန္းခြဲ နီးပါး ထုတ္ေပးတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ၁၀ ႏွစ္ျပည့္ရင္ ႏိုင္ငံသားစိစစ္ေရးကဒ္ စလုပ္လို႔ရၿပီး အသက္ ၁၈ ႏွစ္ျပည္တဲ့အခါ ၁၈ ႏွစ္ျပည့္ မွတ္ပုံတင္နဲ႔ လဲလွယ္ရပါတယ္။ အဲဒီကဒ္ျပားေတြရဲ႕ေနာက္မွာ တခ်ဳိ႕ကို အသက္ ၃၀ ျပည့္ရင္ တခ်ဳိ႕ကို အသက္ ၄၅ ႏွစ္ျပည္႔ရင္ ထပ္မံလဲလွယ္ဖို႔ မွတ္ခ်က္ေတြ ေရးထားပါတယ္။ မွတ္ပံုတင္ကဒ္ျပားေတြ ပ်က္စီးတာ၊ မသဲကြဲတာေတြျဖစ္ႏုိင္တာေၾကာင့္ ကဒ္ျပားအသစ္လဲလွယ္ဖုိ႔ သတ္မွတ္ေပးထားတာျဖစ္တယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးတာဝန္႐ွိသူေတြက ေျပာပါတယ္။

...................................................................................................

တိုက္႐ိုက္ လင့္ခ္


နိုင်ငံသားစိစစ်ရေးကဒ် ၄သန်းထုတ်ပေးရေးမျှော်မှန်းတဲ့ ပန်းခင်းစီမံချက်

(Unicode)

မြန်မာတနိုင်ငံလုံးမှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားကဒ် ဒါမှမဟုတ် ကိုင်ဆောင်သင့်တဲ့ ကဒ်တမျိုးမျိုး ထုတ်ပေးမယ့် ပန်းခင်းစီမံချက်ကို စစ်ကောင်စီက ဆောင်ရွက်နေပါတယ်။ ဒီစီမံချက်နဲ့ တနိုင်ငံလုံး နိုင်ငံသားစိစစ်ရေးကဒ် ၄ သန်း ထုတ်ပေးနိုင်မယ်လို့မေ ျှာ်လင့်ထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီက ဗီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ ဒီစီမံချက်အရ ရခိုင်ပြည်နယ်က နိုင်ငံသားဖြစ်ခွင့်ရှိသူတွေ နိုင်ငံသားစိစစ်ရေးကဒ်တွေ ရနိုင်ဖို့ ပိုပြီးနီးစပ်လာပါပြီလား။ ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင် ကတင်ပြပါမယ်။

တနိုင်ငံလုံးမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား ၄ သန်းနီးပါး ထုတ်ပေးမယ့် ပန်းခင်းစီမံချက်ကို စစ်ကောင်စီက စတင်လုပ်ဆောင်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ တနိုင်ငံတဝန်းလုံးလုပ်နေတဲ့ စီမံချက်ဖြစ်ပြီး တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်းကိုပေးဖို့ လုပ်တာဖြစ်တယ်လို့ ဦးခင်ရီက ခုလိုပြောပါတယ်။

"ပန်းခင်းစီမံချက်က နိုင်ငံသားကတ်ရသင့်ရှိတဲ့ သူတွေ ရသင့်ရထိုက်တဲ့ လူတွေကို လုပ်ပေးတဲ့ အစီအမံပါ။ ဒါတွေက လူမှုစီးပွားဘဝအတွက် အရေးကြီးတယ်လေ။ ဒီဌာနရဲ့ လုပ်ငန်းတာဝန် တရပ်လဲဖြစ်တယ်။ နိုင်ငံတော်လည်း လိုအပ်ချက်လဲဖြစ်တယ်လေ။ ဟိုးအရင်ရွေး ကောက်ပွဲတွေမှာလဲ မှတ်ပုံတင်မရှိဘဲ မဲပေးတာတွေကြုံခဲ့တာပေါ့. အကျုံးဝင်တဲ့ သူတွေ အကုန်ပါပါ မယ်။ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်းပါပါမယ်။ ဒေသနဲ့မဆိုင်ပါဘူးခင်ဗျ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရသင့်တဲ့လူ အကုန်လုံးပေးမှာဘဲလေ။ လတ်တလောမှာ ကျနော်တို့ ကာလလေးတခု တွက်ပြီးတော့ ချောချောမွေ့မွေ့ လုပ်နိုင်ရင် ၃သန်းခွဲနဲ့ ၄သန်းကြားပေးနိုင်တာပေါ့နော်။ ဒါကတော့မြို့နယ်တခုမှာ ဘယ်လောက်လုပ်နိုင်လဲ အားနဲ့တွက်တာပေါ့နော်"

စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် မေလ ၅ ရက်မှာ ပန်းခင်းစီမံချက်ကို စတင်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အခုမှ လုပ်ငန်းတွေ စတင်လုပ်နေတာလို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ ဒီစီမံချက်ကို နိုင်ငံတဝန်းကို ရည်ရွယ်ထား တယ်လို့ သူကပြောပေမယ့် စိန်ခေါ်မှုတွေရှိတဲ့ တချို့ဒေသတွေမှာတော့ မစနိုင်သေးပါဘူး။

"အကြီးမားဆုံးစိန်ခေါ်မှုက သွားလို့လာလို့ မရတာပေါ့နော်. ကိုဗစ်ကာလဆိုတော့ Stay at tome နေရာတွေလဲများတယ်လေ။ အဲတော့သွားလို့ ပြုလို့မရဘူးပေါ့။ နောက် လူထုကလည်း ပြည်သူ တွေအနေနဲ့ကတော့ ထပ်ပြီးအသိပေးဖို့လိုတာပေါ့နော်။ အခုမွေးလာတဲ့ သူတွေရှိတယ်။ ဆုံးတဲ့ သူတွေရှိတယ်။ ရှိတဲ့လူတွေကပျောက်တာတွေရှိတယ်။ ဒါတွေကတော့ဒီဌာနက အမြဲ Update.လုပ်နေ ရမှာဘဲ။ ဒါကြောင့်ဒီဌာနက အမြဲတမ်းတောက်လျှောက်လုပ်နေရတဲ့ သဘောပါဘဲ။ အကြီးဆုံးစိန်ခေါ်မှု ကကိုဗစ်ပေါ့၊ အချို့နေရာတွေကျတော့ လုံခြုံမှု နည်းနည်းလိုတာပေါ့လေ။သွားရ ၊လာရ၊ ကွင်းဆင်းရတာ။"

နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်မယ့်သူတွေဟာ အိမ်ထောင်စု လူဦးရေစာရင်း၊ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ၊ အဘိုးအဘွားတွေနဲ့ မောင်နှမရင်းချာတွေရဲ့ အမည်၊ မှတ်ပုံတင်အမှတ်နဲ့ လိပ်စာတွေ လိုပါတယ်။ အသက်အထောက်အထားအတွက် မွေးစာရင်း ဒါမှမဟုတ် ကျောင်းသားကဒ် ဒါမှမဟုတ် ကျောင်းထောက်ခံချက် လိုအပ်ပါတယ်။ ရပ်ကွက်တွင်း နေထိုင်ကြောင်း ထောက်ခံချက်နဲ့ သွေးအမျိုးအစားလည်း လိုအပ်မှာဖြစ်ပါတယ်။ တိုင်းရင်းသားတွေအတွက်ကတော့ သန်းခေါင်စာရင်းမရှိရင်လည်း ပူးပေါင်းအဖွဲ့နဲ့ ကွင်းဆင်းဆောင်ရွက်ပေးမယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ သန်းခေါင်စာရင်းမရှိသူတွေကို စိစစ်ထောက်ခံပေးဖို့ လဝကမြို့နယ် ဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့ ပါတဲ့ ၅ ဦးကော်မတီဖွဲ့ လုပ်ဆောင်ပေးနေတာလို့ သူကပြောပါတယ်။

တနိုင်ငံလုံးလုပ်တဲ့ ပန်းခင်းစီမံချက်မှာ ရခိုင်မှာရှိနေတဲ့ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ မွတ်ဆလင်တွေ နိုင်ငံသားကတ်ရဖို့ မျှော်လင့်နေတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှုး ဦးကျော်စိုးအောင်ကတော့ ပြောပါတယ်။ တန်းတူအခွင့်အရေးအရ နိုင်ငံသားကဒ်တွေ ထုတ်ပေးဖို့ မျှော်လင့်တယ်လို့ ဗီအိုအေ ကိုပြောပါတယ်။

"ရခိုင်မှာရှိတဲ့ အစ္စလမ်ဘာသာဝင်တွေ ရိုဟင်ဂျာလူမျိုးတွေပေါ့။ ခေတ်အဆက်ဆက် တိုင်းရင်းသားနိုင်ငံသားတွေဖြစ်တယ်။ စစ်အစိုးရ တက်တော့မှ ခွဲခြားဆက်ဆံခံရ ပြီးတော့ကျနော်တို့လူတွေဆီက နစက လက်ထက်တုန်းကလည်း နိုင်ငံသားအထောက်အထားတွေ သိမ်း လိုက်တယ်။ ပြီးတော့ပြန်ထုတ်မပေးဘူး သူတို့ဆီကမွေးလာတဲ့ ကလေးတွေကိုလည်းထုတ် မပေးဘူး၊ မပေးတော့တချို့တွေက သန်းခေါင်စာရင်း မရှိတာတွေ နိုင်ငံသားကတ်မရတာတွေ တပုံတပန်းကြီးဘဲ။ ခုလောလောဆယ် ပန်းခင်းစီမံကိန်းနဲ့ တနိုင်ငံလုံးပေးမယ်ဆိုပြီး ပြောထားတော့ သူတို့လည်းရမယ်ဆို ပြီး ရိုဟင်ဂျာလူထုတွေက မျှော်လင့်ပြီးစောင့်စားနေပေမယ့် လောလောဆယ် ဘာမှတော့ မရှိသေးဘူး ဒီနိုင်ငံရဲ့ ပင်စည်ပေါက်ပွားတွေဖြစ်တယ်။ ပေးကိုပေးရမှာပေါ့။ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပေးကိုပေးရမှာပေါ့။ ခုမပေးဘူးဆိုတာက အရင်ပေးတဲ့ အစိုးရတွေကမှားလို့ ခုက မှန်လို့လားဆို တာမေးခွန်း ထုတ်စရာဖြစ်လာပြီ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းနိုင်ငံခေါင်းဆောင်တွေက အမျှော် အမြင်ရှိရှိနဲ့ တန်းတူ နိုင်ငံသားပေးခဲ့တဲ့ အတိုင်း ရှေ့ဆက်ပြီးပေးရမှာပေါ ဒီလိုဘဲ အကြံပေးချင်တယ်။"

ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်တွေက သူတို့ကို သူတို့ ရိုဟင်ဂျာလို့ပြောပေမဲ့ စစ်ကောင်စီကတော့ လက်မခံဘဲ ဘင်္ဂလီတွေလို့သာ ရည်ညွှန်းသုံးနှုန်းပါတယ်။ စစ်ကောင်စီလုပ်နေတဲ့ ပန်းခင်းစီမံချက်ကို တစ်နှစ်ခွဲအချိန်ယူပြီး ၂၀၂၂ နိုဝင်ဘာ ၃ ရက်အထိ လုပ်ပေးမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသာမှုတွေရှိတာကြောင့် အာဏာသိမ်းခဲ့တယ်လို့ပြောနေတဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မှတ်ပုံတင် မရှိဘဲ မဲပေးသူ ၄ ဒသမ ၆ သန်းကျော် ရှိတယ်လို့ စိစစ်တွေ့ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီလို မှတ်ပုံတင် မရှိဘဲ မဲပေးသူတွေရှိခဲ့တယ်လို့ ထုတ်ပြန်အပြီး မကြာခင်မှာဘဲ နိုင်ငံသားစိစစ်ရေးကဒ်တွေ ထုတ်ပေးတဲ့ ပန်းခင်းစီမံချက်ကို စတင်တာဖြစ်ပါတယ်။

အရင်အစိုးရတွေ လက်ထက်တုန်းကလည်း အလားတူ စီမံချက်တွေ လုပ်ခဲ့တာရှိပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လက်ရှိ ဝန်ကြီး ဦးခင်ရီ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး တာဝန်ယူစဉ်တုန်းက မိုးပွင့်စီမံချက်နဲ့ လူ ၇ သန်းခွဲ နီးပါးကို နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးခဲ့ပါတယ်။ NLD အစိုးရ တာဝန်ယူစဉ်မှာလည်း သစ္စာစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ၆ သန်းခွဲ နီးပါး ထုတ်ပေးတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၁၀ နှစ်ပြည့်ရင် နိုင်ငံသားစိစစ်ရေးကဒ် စလုပ်လို့ရပြီး အသက် ၁၈ နှစ်ပြည်တဲ့အခါ ၁၈ နှစ်ပြည့် မှတ်ပုံတင်နဲ့ လဲလှယ်ရပါတယ်။ အဲဒီကဒ်ပြားတွေရဲ့နောက်မှာ တချို့ကို အသက် ၃၀ ပြည့်ရင် တချို့ကို အသက် ၄၅ နှစ်ပြည့်ရင် ထပ်မံလဲလှယ်ဖို့ မှတ်ချက်တွေ ရေးထားပါတယ်။ မှတ်ပုံတင်ကဒ်ပြားတွေ ပျက်စီးတာ၊ မသဲကွဲတာတွေဖြစ်နိုင်တာကြောင့် ကဒ်ပြားအသစ်လဲလှယ်ဖို့ သတ်မှတ်ပေးထားတာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG