သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးဖမ်းခွင့်ပြုချက် တောင်းရမယ့် တရုတ်ဥပဒေ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ရှုတ်ချ


ငါးဖမ်းစက်လှေမှာ အသုံးပြုမယ့် သိုလှောင်ခန်းအသစ်တခု ရေချ သယ်ဆောင်လာနေတဲ့ ဖိလစ်ပိုင်လူငယ်တစ်ဦး။
ငါးဖမ်းစက်လှေမှာ အသုံးပြုမယ့် သိုလှောင်ခန်းအသစ်တခု ရေချ သယ်ဆောင်လာနေတဲ့ ဖိလစ်ပိုင်လူငယ်တစ်ဦး။
တောင်တရုတ်ပင်လယ်ထဲက နေရာအတော်များများမှာ ငါးဖမ်းမယ့် ပြည်ပ ရေလုပ်သားတွေဟာ တရုတ်အစိုးရဆီကနေ ခွင့်ပြု ချက် တောင်းခံရမယ်ဆိုတဲ့ တရုတ်ဥပဒေသစ်တစ်ရပ်ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

တရုတ်တို့ဘက်ကတော့ ဒါဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ပဲလို့ အခိုင်အမာ ပြောနေတာပါ။ သဘာဝဓာတ်ငွေ့နဲ့ ရေနံသိုက်တွေ ရှိတယ်လို့ ယူဆထားကြတဲ့ အဲဒီ မဟာဗျူဟာမြောက် ရေပြင်ကို ပိုင်စိုးရေးအတွက် တရုတ်တို့ဘက်က ရှေ့တိုးလုပ်ဆောင်လာတာဟာ အိမ်နီးချင်းနိုင်ငံငယ်တွေကို ချိုးနှိမ်ရာရောက်ပြီး စစ်မီးပွားစရာအခြေအနေတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါ တယ်။
တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားများ။
တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားများ။

သူတို့နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ သူတို့အခွင့်အရေးရှိတယ်ဆိုတဲ့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့အတွက် ပိုပြီးဒေါသဖြစ်စေ ပါတယ်။ ဒီလုပ်ရပ်ဟာ တင်းမာမှုကို မြင့်မားစေတယ်၊ ဒေသတွင်းအခြေအနေ ရှုပ်ထွေးပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပျက်ပြား အောင်လုပ်နေတာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်သလို ဗီယက်နမ်ကလည်း ဒါဟာ သူတို့ရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာပဲလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း တရုတ်တို့ရဲ့လုပ်ရပ်ဟာ ရန်စတာဖြစ်ပြီး အန္တရာယ်ကြီးတယ်လို့ ဝေဖန်ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ အမေရိကန် ဝင်မပါဖို့ တုံ့ပြန်ထားပါတယ်။

အရေးပါတဲ့ ကမ္ဘာ့ရေကြောင်းလမ်းဖြစ်တဲ့ ဒီ တောင်တရုတ်ပင်လယ်ရဲ့ တစိတ်တဒေသကို မလေးရှား၊ ဘရူနိုင်းနဲ့ တိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ခွင့် အသီးသီး တောင်းခံနေကြတာပါ။
XS
SM
MD
LG