သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံဥပဒေသစ် ရေးဆွဲရေး အတိုက်အခံများ ပါဝင်ခွင့်မပြု၍ မြန်မာစစ်အစိုးရအား အမေရိကန် အပြစ်တင်


မြန်မာနိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးမှာ အတိုက်အခံနဲ့ တိုင်းရင်းသားခေါင်းဆောင်များအား စစ်အစိုးရက ထပ်မံပါဝင်ခွင့် မပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြစ်တင်ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တရပ်တွင် ပြောရေးဆိုခွင့်ရှိသူ ရှောင် မက် ကွန်းမက် (Sean McCormack)က မြန်မာစစ်အစိုးရသည် နိုင်ငံတကာက အဆိုပြုထားသည့် ဘက်ပေါင်းစုံပါ စစ်မှန်သောဆွေးနွေးပွဲတရပ် စတင်ရေး ဆန္ဒမရှိသေးကြောင်း ပြသနေသည်ဟု ပြောဆိုလိုက်ပါသည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နီကိုးလပ်စ် ဘန်း (Nicholas Burns)သည်လည်း ယခုသတင်းပတ်အတွင်း သြစတြေးလျနှင့် စင်္ကာပူ နိုင်ငံများသို့ သွားရောက်ပြီး မြန်မာစစ်အစိုးရသို့ အရှေ့ တောင်အာရှနိုင်ငံများက ပိုမိုဖိအားပေးရေး တိုက်တွန်းပြောဆိုရန်ရှိပါသည်။

အစောပိုင်းကမူ မြန်မာစစ်အစိုးရက အကျဉ်းသား (၈၀၀၀)ကျော်အားလွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးခဲ့ပြီး ကုလသမဂ္ဂအားလေးစားကြောင်းနှင့် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးတွင် တိုးတက်မှုများရှိခဲ့သည့်အထိမ်းအမှတ် ဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG