သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ကလေးစစ်သားစုဆောင်းနေဆဲ၊ လက်နက်မရောင်းဖို့လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


မြန်မာစစ်အာဏာပိုင်တွေဟာ ကလေးစစ်သား စုဆောင်းမှူတွေကို ဆက်ပြီးလုပ်နေတယ်လို့ နယူး ယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောကြားလိုက်တဲ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ကလေးစစ်သားစုဆောင်းနေတဲ့ မြန်မာစစ်အစိုးရအပေါ် လက်နက်ရောင်းချမှူပိတ်ပင် တဲ့ ဒါဏ်ခတ်အရေးယူမှူတွေလုပ်ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီးရဲ့ ကလေးသူငယ်များစောင့်ကြည့်ရေးဆိုင်ရာတာဝန်ခံ ဂျိုး ဘက်ကာ က မြန်မာစစ်အစိုးရဟာ ပေးထားတဲ့ကတိတွေကို ထပ်တလဲလဲချိုးဖောက်ပြီး ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ ကို မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သားအသုံးမပြုတော့ပါဘူးလို့ ပြောဆို လှည့်ဖျားနေတာနဲ့ပတ်သက်ပြီး နားမ ယောင်သင့်တော့ဘူးလို့ ဗုဒ္ဒဟူးနေ့က ပြောကြားလိုက်ပါ တယ်။ မြန်မာစစ်တပ်ထဲမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တွေအထိ စစ်သားသစ်စုဆောင်း နေပြီး ဒီကလေးငယ်တွေဟာ တပ်ထဲမှာ ၃၀ ရာခိုင်နှူန်းလောက်ရှိနေ တယ်လို ့လည်းဆိုပါတယ်။

ဒီကလေးငယ်ထောင်နဲ့ ချီ ရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အစိုးရအပေါ် Sanctions နဲ့ အရေးယူ ဒါဏ်ခတ်မှူတွေအတွက် လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် တရုတ်နိုင်ငံက ကန့်ကွက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ဂျီးချီ က မြန်မာနိုင်ငံအပေါ် အရေးယူဒါဏ်ခတ်တာဟာ ဖြစ်ပေါ်နေတဲ့ ပြဿနာ တွေအတွက် အဖြေ ရှာမပေးနိုင်ဘူးလို့ ဗုဒ္ဒဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေကရော၊ တခြားအတိုက်အခံအဖွဲ့တွေကရော ကလေးစစ်သားစုဆောင်းမှူတွေ ရှိ တယ်ဆိုတာနဲ့ပတ်သက်ပြီး ငြင်းဆိုကြပါတယ်။

XS
SM
MD
LG