သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာ ဆန္ဒပြပွဲနှိမ်နင်းစဉ် သေဆုံးသူအရေအတွက် စစ်အစိုးရ လိမ်လည် ပြောဆိုကြောင်း လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲ


မြန်မာနိုင်ငံတွင်း စက်တင်ဘာလမှာဖြစ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို စစ်အစိုးရက သေနတ်တွေ၊ နံပါတ်တုတ်
တွေသုံးပြီး အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ အဲဒီလိုနှိမ်နင်း
လို့ သေဆုံးခဲ့ရသူ အရေအတွက်ကို မြန်မာစစ်အစိုးရက
လိမ်လည် ပြောဆိုခဲ့တယ်လို့ အမေရိကန်အခြေစိုက်
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။

အကြမ်းဖက် ပစ်ခတ် နှိမ်နင်းမှုအတွင်း သေဆုံးရသူ
အရေအတွက်ဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေက
ဝန်ခံတာထက် သိသိသာသာ ပိုများတယ်ဆိုတာ
အထောက် အထားတွေ စုဆောင်းရယူခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ ရေးအဖွဲ့ကဆိုကြောင်း ဗီအိုအေသတင်းထောက် Luis Ramirez ဘန်ကောက်ကနေ
ပေးပို့တဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အရေအတွက်ကတော့ နည်းနေတုန်းပါပဲ။

မြန်မာစစ်ဗိုလ်ချုပ်တွေက ၁၀ ယောက်ပဲ သေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လအတွင်း မြန်မာနိုင်ငံကို သွားရောက် စစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) က အနည်းဆုံး
လူ ၁၅ ယောက်သေဆုံးတယ်ဆိုတာ တာဝန်ရှိသူ တွေပြတဲ့ အချက်အလက်တွေကနေ ညွှန်ပြနေတယ်လို့ ဆိုပါတယ်။ အခု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က
အယောက် ၂၀ သေတယ်လို့ ပြောတာပါ။

ဒါပေမယ့်လည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရော၊ အကြမ်းဖက်
နှိမ်နင်းစဉ် မြန်မာနိုင်ငံမှာရှိနေခဲ့တဲ့ သံတမန်တွေရော၊ ပင်ညဲရိုးကရော အားလုံးက
တော့ သေဆုံးသူအရေအတွက်ဟာ အများကြီး ပိုများတယ်ဆိုတာကို ယုံကြည်လောက်
စရာ အကြောင်းရှိတယ်လို့ တညီတညွတ်တည်း ပြောကြပါတယ်။

နှိမ်နင်းဖြိုခွဲမှုဟာ ပြီးသွားသေးတာမဟုတ်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ
ရေးအဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ် (Brad
Adams) က ပြောပါတယ်။ ပြင်းထန်ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေ ဆက်ဖြစ်နေတုန်းပဲလို့
သူကပြောပြီး သူ့အဆိုအရတော့ မြန်မာ အစိုးရဟာ သေဆုံးသူ၊ ဖမ်းဆီးသူ
အရေအတွက်နဲ့ပတ်သက်ပြီး လိမ်နေတုန်းပါပဲတဲ့။

စက်တင်ဘာ နှိမ်နင်းဖြိုခွဲမှုပြီးတဲ့နောက် ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူ ၈၀ ပဲ
ကျန်တော့တယ်လို့ မြန်မာစစ်အစိုးရကပြောပါတယ်။ ဒါပေမယ့် သံတမန်တွေ၊
ထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေအပြောအရ အရေအတွက်ဟာ
ဒီ့ထက် အများကြီးပိုများပါတယ်။

နေ့တိုင်းလို လူတွေအဖမ်းခံနေရတဲ့ သတင်းတွေ ဆက်ရနေတုန်းပဲလို့ မြန်မာနိုင်ငံ
ဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံ ရှရီ ဗီလာရိုဆာ (Shari Villarosa) က
ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဘန်ကောက်မြို့မှာ သတင်းထောက် တွေကို ပြောခဲ့ပါ
သေးတယ်။

ဆက်ပြီးဖမ်းဆီးနေတာဟာ မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်
သင့်မြတ်ရေးအပေါ် စိတ်ဝင်စားမှုမရှိဘူးဆိုတာ ပြနေတာပဲလို့ အမေရိကန်သံတမန်
ကပြောပါတယ်။ သူက တကယ်စစ်စစ်မှန်မှန် စကားပြောချင်တယ် ဆိုရင် မိမိ
အမြင်မှာက လူတွေကိုဖမ်းနေတာထက် သူတို့ကိုလွှတ်ပေးပြီး စကားပြောရမှာပဲလို့
ယူဆကြောင်း၊ ဖမ်းဆီးခံရတဲ့လူတွေဟာ ငြိမ်းချမ်းရေး လိုလားသူတွေ၊ အကြမ်း
မဖက်သူတွေဖြစ်ပြီး အင်မတန် မျိုးချစ် စိတ်ရှိသူတွေ၊ သူတို့ တိုင်းပြည်ပေါ်
ယုံကြည်သူတွေ၊ တိုင်းပြည်ကို ပိုကောင်းစေချင်သူတွေ ဖြစ်တဲ့အပြင် သူတို့မှာ စိတ်ကူးစိတ်သန်းတချို့ရှိကြပြီးတော့ အဲဒါတွေကိုလည်း ပြောဆိုချင်သူတွေ
ဆိုတာ မိမိ အသေအချာကို သိပါတယ်လို့ မစ္စဗီလာရိုဆာက ပြောပါတယ်။

ဆန္ဒပြပွဲတွေအတွင်းနဲ့ ပြီးတဲ့နောက်မှာ သံဃာတော် ၅၉၆ ပါးအပါအဝင်
လူပေါင်း ၂၉၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မြန်မာရဲချုပ်က တနင်္လာနေ့မှာ
ပြောခဲ့ပါတယ်။ သံဃာတော် ၂၁ ပါးအပါအဝင် လူ ၈၀ ကတော့ ထောင်ထဲမှာ
ရှိနေတုန်းပဲလို့လည်း သူကပြောပါတယ်။

ဒါပေမယ့် မစ္စဗီလာရိုဆာကတော့ ရန်ကုန်မြို့ လမ်းတွေနဲ့ ဘုန်းတော်ကြီးကျောင်း
တွေဟာ သံဃာတော်တွေ ကင်းမဲ့နေတယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့
ပါတယ်။ သံဃာတော်အများအပြားဟာ ရှောင်တိမ်း ပုန်းအောင်းနေရဆဲ ဖြစ်ပြီး
အရေအတွက် အများအပြားဟာလည်း ထောင်ထဲမှာပဲရှိနေသေးတယ်လို့ ဒေသခံ
တွေက ပြောဆိုနေကြပါတယ်။

XS
SM
MD
LG