သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကြီးပူနွေးလာမှုအတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ သိပ္ပံပညာရှင်တွေတိုက်တွန်း


ဒီအချက်အလက်တွေဟာ မျက်လှည့်ပြသလို ထွက်လာတာမျိုးမဟုတ်ပါဘူး။ နှလုံးရောဂါ မဖြစ်အောင် ကိုယ်ထဲမှာ cholesterol အတိုင်းအတာ ဘယ်လောက်ပဲ ရှိမှ စိတ်ချရမယ်ဆိုတာမျိုး ဆရာဝန်က တွက်ပေးနေတာမျိုးလဲ မဟုတ်ပါဘူး။ အခုကိစ္စက အန္တရာယ် ရှိနေတဲ့ အချက်ဆိုတာ ရှင်းနေတာပဲ။ အကျိုးသင့်အကြောင်းသင့် သတ်မှတ်ထားတဲ့ ဘောင်ထဲမှာပဲရှိနေဘို့ လိုအပ်တယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ထားတာကို လက်ခံပြီး လက်မှတ်ရေးထိုးခဲ့ကြတဲ့ သူတွေအားလုံး ဒီဘောင်ထဲမှာပဲ ရှိ နေအောင် ကျိုးစားကြဘို့ လိုပါတယ်။

သိပ္ပံပညာရှင်တွေ အခုလို သေသေချာချာကြိုးပမ်းပြီး ထုတ်ပြန်လိုက်တဲ့ အကြံပေးချက်တွေဟာ လာမဲ့ညှိနှိုင်းမှုတွေအတွင်း ဘယ်အတိုင်းအတာအထိ လက်ခံပြီး လိုက်နာဆောင်ရွက်ကြမယ် ဆိုတာကို သေသေချာချာမပြောနိုင်သေးဘူးလို့ ကုလသမဂ္ဂ ရာသီဥတု ဆိုင်ရာအဖွဲ့ အကြီးအကဲ ဒီဗို ဒဘိုးဝါး (Yvo de Boer) ကပြောပါတယ်။

အခုဆွေးနွေးပွဲမှာ တကယ့်ကို သိပ္ပံ နည်းကျစဉ်းစားလုပ်ကိုင်တယ်လို့ ကျနော်ထင်တယ်။ IPCC ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပေါ်အခြေခံပြီး Kyoto စာချုပ် ကို စတင်ညှိနှိုင်းဘို့ ဆုံးဖြတ်ခဲ့တာတွေ့ ရပြီ။ ဒါ့ကြောင့်လဲ နောက်တဆင့်တက်မဲ့ ညှိနှိုင်းရေးကိစ္စတွေအတွက် အခု လတ်တလော ထုတ်ပြန်ထားတဲ့ IPCC ရဲ့အစီရင်ခံစာ ပေါ်မှာပဲအခြေခံပြီး လုပ်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

တကယ်လို့ နိုင်ငံအသီးသီးရဲ့ အစိုးရတွေအနေနဲ့ လာမဲ့နှစ်ပေါင်း ၁၅ နှစ်အတွင်း ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပြီး သတ်မှတ်ထားတဲ့အတိုင်းအတာ မှာထိမ်းထားပေးနှိုင်မယ်ဆိုရင် ကမ္ဘာ့ အပူချိန်ကို ဟိုအရင် စက်မှုခေတ်မတိုင်ခင် ကထက် ၂ ဒီဂရီ Celsius လောက်ပဲပိုတဲ့ အနေအထားမှာ ရောက်လာစေဘို့ ရာနှုံး ၅၀ လောက် အခွင့်အလန်း ရှိနေပါတယ်။

နိုင်ငံပေါင်း ၁၉၀ လောက်က သိပ္ပံပညာရှင်တွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လှုပ်ရှားသူ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ကြတဲ့ ဒီ ဘာလီဆွေးနွေးပွဲမှာ ကမ္ဘာ ကြီးပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုအတွက် စည်းကမ်းမဲ့ သစ်ခုတ်တာ စက်ရုံ အလုပ်ရုံတွေနဲ့ လောင်စာဆီတွေ အသုံးပြုနေတာမျိုးကို လူသားတွေကပဲဖန်တီးနေကြတာမို့ ဒါတွေကို ကန့်သတ်ပေးဘို့ သိပ္ပံ ပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG