သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ခန့်အပ်လွှာ ပေးအပ်


မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားတို့ ၂၄ နှစ်ကြာ သံတမန်အဆက်အသွယ် ဖြတ်တောက်ပြီးနောက် ပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ် ကင်မ်ဆုတ်ချူး (Kim Sok Chol) ဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို နေပြည်တော်မှာ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပေးအပ်နေတဲ့သတင်းကို ဓာတ်ပုံနဲ့တကွ ဒီကနေ့ထုတ် မြန်မာစစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

မြောက်ကိုရီးယားသူလျှိုတွေ ၁၉၈၃ ခုနှစ်မှာ မြန်မာနိုင်ငံထဲဝင်ရောက်ပြီး တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝှမ်နဲ့အဖွဲ့ ရန်ကုန် အာဇာနည်ကုန်းမှာ လွမ်းသူ့ ပန်းခွေချမယ့်အချိန်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် တောင်ကိုရီးယားအစိုးရ
ရဲ့ဝန်ကြီးတချို့အပါအ၀င် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG