သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်စဉ် တရုတ်ပြည်မှ မြန်မာပြည်တွင်းသု့ိ ကားပေါင်းထောင်ချီ တင်သွင်းနေ


မြန်မာစစ်အစိုးရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဝိုင်းဝန်းရှုံ့ချကြ ပေမယ့် တရုတ်နိုင်ငံကတော့ ဒီရက်ပိုင်းအတွင်းမှာ မြန်မာစစ်တပ် အတွက် ကုန်ကားတွေ နယ်ကြားကနေ ပို့ပေးနေတယ်လို့ တရုတ်မြန်မာနယ်စပ် သတင်း ရပ်ကွက်တွေက ပြောပါတယ်။ ဒီသတင်းနဲ့ ပက်သက်ပြီး ဦးရော်နီငြိမ်း တင်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက သံဃာတော်တွေ ဦးဆောင်တဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြ ပွဲတွေကို မြန်မာစစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက် နိုင်ငံတကာက မြန်မာ စစ်အစိုးရ အပေါ်မှာ ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်ရှုံ့ချမှုတွေ လုပ်ခဲ့တာမှာ တရုတ် နိုင်ငံကတော့ ဒါဟာ ပြည်တွင်းရေးပဲ ဆိုပြီး မြန်မာစစ်အစိုးရကို လူသိရှင်ကြား ဘာမှဝေဖန်တာ မလုပ်ခဲ့ပါဘူး။

အဲဒီလို တရုတ်ရဲ့ မြန်မာစစ်အစိုးရအပေါ်မှာ ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒကို အားမလို အားမရနဲ့ မြန်မာအတိုက်အခံတွေဖက်က ပြောဆိုနေချိန်မှာ ဒီရက်ပိုင်းအတွင်း တရုတ် ကနေ မြန်မာ စစ်အစိုးရကို ရောင်းတာလား လှူဒါန်းထောက်ပံ့တာလား မသိ ရတဲ့ စစ်ကားအလွတ်တွေ အလုံးအရင်းနဲ့ တင်ပို့ပေးနေတာကို တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံသား အားလုံးလိုလိုက မြင်တွေ့နေရပါတယ်။

ရွှေလီမြို့က မြန်မာ့အရေးလေ့လာစောင့်ကြည့်သူ ဦးအောင်ကျော်ဇောက ဒီကိစ္စ နဲ့ပတ်သက်ပြီး ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ဒါမျိုးကတော့ နှစ်တိုင်းနီးပါးလောက် ဖြစ်တတ်ပါတယ်။ ဟိုးနှစ်ကဆိုရင် ကားအစီး တစ်ထောင့်နှစ်ရာလောက်ထင်တယ်၊ ဒီနှစ်ကတော့ မတွေ့ဘူး၊ ပြဿနာက ပြောလို့ မရတာက ဝယ်တာလား ပေးတာလား ဆိုတာလည်း ရှိတယ်လေ။ အဓိက မေးမရဘူး။ သူတို့ ကုမ္ပဏီ မောင်းတဲ့သူတွေလည်း မေးတော့လည်း သူတို့ အတိအကျ မသိဘူး၊။ ပို့ပါဆိုတော့ လာပို့တာပေါ့။”

ပို့တယ်ဆိုတာ သူတို့ဘယ်အထိ ပိုရတာလဲဗျ။

“ကျနော်တို့ ဒီမှာ တရုတ်-မြန်မာနယ်စပ်ပေါ့နော် ဂျယ်ခေါင်အထိ ပို့ရတယ်။ အခု ဒီကားတွေကို မန္တလေးက တံခွန်တိုင်က ပင်မရေသိုလှောင်ရေးတပ် အဲဒီ တံခွန်တိုင်မှာ ရှိတဲ့ အဲဒီတပ်ကို အရင်သယ်တယ်၊။ အဲဒီကမှတဆင့် ခွဲပေးတာပေါ့။”

အခု တစ်ခေါက်ပေးပို့တဲ့ AFW ကုန်အမှတ်တံဆိပ် တရုတ်လုပ်စစ်ကားတွေဟာ ငြိမ်းချမ် စွာ ဆန္ဒပြပွဲတွေကို ဖြိုခွင်းတဲ့ကာလမှာလည်း ဟိုနေရာ ဒီနေရာမှာ အသုံးချ နေတာကို တွေ့ခဲ့ရတဲ့အကြောင်း ဦးအောင်ကျော်ဇောက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ စက်တင်ဘာ သံဃာအရေးအခင်းကာလတုန်းက သံဃာတော် လှုပ်ရှားမှု ကာလတုန်းက ဆိုရင် ကျနော်တို့ ရန်ကုန်မှာ ကြံ့ဖွတ်တွေ ရဲတွေ စီးနေတဲ့ ကားတွေ ဟာ တရုတ်ပြည်က ရှိတဲ့ ကားတွေပဲ။ နေပြည်တော်မှာလည်း အဲလိုမျိုးတွေ တွေ့နေတာပဲ။ တပ်တွေ နဲ့ တင်တဲ့ကားတွေ အများစုကလည်း အဲလိုမျိုးကားတွေပဲ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG