သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဘက်က လွတ်လပ်တဲ့ ကုန်သွယ်ရေး အဆိုပြုချက် အာဖရိက လက်မခံ


ဥရောပအဖွဲ့ဝင်နိုင်ငံတွေဘက်က အဆိုပြုတဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုံ သဘောတူညီချက်တွေကို အဖရိကနိုင်ငံတော်တော်များများက လက်မခံဘဲ ပယ်ချလိုက်တယ်လို့ ဆီနီဂေါလ် သမ္မတက ပြောပါတယ်။

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ အီးယူ ဥရောပ
အဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဖရိက နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ သမ္မတ အက်ဘ်ဒူးလာရေး ဝါဒီး (Abdoulaye Wade) က ဒီနေ့ သတင်းထောက်တွေကို တွေ့ဆုံပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲဟာ အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဖရိက နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု အသစ်ပုံစံတခု အခက်အခဲကြားက ထူထောင်နိုင်ဘို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲအတွင်း အဆိုပြုထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေအပေါ် နဲ့ ဇင်ဘာဘွေအရေး၊ ဒါးဖိုး အရေးတွေကို အကြောင်းပြုပြီး အငြင်းပွားမှုတွေက လွှမ်းမိုးနေခဲ့ပါတယ်။

အာဖရိက၊ ကာရေဘီယံနဲ့ ပစိဖိတ်ဒေသတွေအတွင်း မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံပေါင်း ၇၀ ကျော်ကို ကုန်သွယ်ရေး အထူးခံစားခွင့်တွေ ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ အစားထိုး ချမှတ်နိုင်ရေး ဥရောပ
အဖွဲ့ဝင်နိုင်ငံတွေက ကြိုးပမ်းနေပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကတော့ ဒီလို သဘောတူညီချက်တွေဟာ တရားမဝင်ဘူးလို့ သတ်မှတ် ပြောဆိုထားပါတယ်။

တချို့အာဖရိကန်အစိုးရတွေကလည်း ဥရောပနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူ ချမှတ်တာဟာ သူတို့ စီးပွားရေးကို ထိခိုက်စေလိမ့်မယ်လို့ စောဒကတက် ငြင်းဆို နေကြပါတယ်။

XS
SM
MD
LG