သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူ အာဖရိကဆက်ဆံရေး ကဏ္ဍသစ်ရောက်ပြီလို့ နှစ်ဖက်ခေါင်းဆောင်များကြေညာ


ဥရောပသမဂ္ဂနဲ့ အာဖရိက ခေါင်းတောင်တွေက နှစ်ဖက် အပြန်အလှန်ဆက်ဆံရေးဟာ အခြေအနေသစ်ကို ရောက်လာပြီလို့ ကြေညာပြီး နှစ်ရက်ကြာကျင်းပခဲတဲ့ အီးယူအာဖရိက ထိပ်သီး အစည်းအဝေးကို အဆုံးသတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေး ကိစ္စမှာတော့ အတော်လေးကို အငြင်းအခုံလုပ်ဆွေးနွေးခဲ့ကြရပါတယ်။

ပေါ်တူကီနိုင်ငံ လစ္စဘွန်မြို့မှာ လုပ်တဲ့ နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲဟာ အာဖရိကနဲ့ ဥရောပ အကြား ပူပေါင်းဆောင်ရွက်မှု အသစ်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစည်းအဝေးအတွင်း ဇင်ဘာဘွေ၊ ဒါဖောနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု အဆိုပြုချက်တွေကပဲ လွှမ်းမိုးနေရာယူနေခဲ့ပါတယ်။

အီယူနဲ့ အာဖရိကခေါင်းဆောင်တွေဟာ လုံခြုံရေးကိစ္စ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စ၊ ရွေ့ပြောင်း နေထိုင်မှုဆိုင်ရာကိစ္စ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအခြေအနေတွေ အပါအ၀င် ကိစ္စရပ် အတော်များများကို ကိုင်တွယ်ဖြေရှင်းခဲ့ကြတယ်လို့ ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဌ ပေါ်တူဂီ ၀န်ကြီး ချုပ် Jose Socrates က ပြောပါတယ်။

ဆီနီဂဲလ်သမ္မတ Abdoulaye Wade က ဒေါသတကြီးနဲ့ သတင်းထောက်တွေကို မနေ့က ပြောကြား ခဲ့ရာမှာတော့ ဥရောပသမဂ္ဂနိုင်ငံတွေက တွန်းအားပေးနေတဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို အာဖရိက နိုင်ငံတွေက ပယ်ချလိုက် တယ်လို့ ပြောပါတယ်။

ဒီသဘောတူညီမှုဟာ အာဖရိကနိုင်ငံတွေအတွက်တော့ အကျိုးစီးပွား ကောင်းကောင်းရှိမှာ မဟုတ်ဘူးလို့ မစ္စတာ ၀ါဒီက ပြောပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေကတော့ ဒီအတွက် ညှိနှိုင်းမှုတွေ ဆက်လုပ်သွားလိုတယ်လို့ ပြောနေပါတယ်။

ဆွေးနွေးပွဲအပြီး အပိတ်ကြေညာချက်မှာတော့ ဥရောပ အာဖရိကအကြား အလှူရှင်နဲ့အလှူခံဆိုပြီး အစဉ်အလာအရ အတိတ်က ဖြစ်နေတာကို အပြန်အလှန် လက်တွဲဆောင်ရွက်ဖေါ်ပုံစံအဖြစ်နဲ့ တတ်ရောက်လာသူ ခေါင်းဆောင်တွေက ဖြေရှင်းကိုင်တွယ်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG