သမ္မတပါဗက်ဇ်မူရှာရက်ဖ် (Pervez Musharraf) ရဲ့ အာဏာပိုင်စိုးမှုကို လျော့နည်းအောင်လုပ်ဆောင်ဖို့ အတိုက်အခံပါတီတွေက ရွေးကောက်ပွဲမှာ
ဝင်မပြိုင်ဘူးလို့ ခြိမ်းခြောက်ခဲ့ပေမယ့် အဓိကအတိုက်အခံပါတီတခုက သဘောမတူခဲ့ပါဘူး။ အသေးစိတ်ကို အစ္စလမ်မာဘတ်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ထားတာကို မအေးသန္တာကျော် က တင်ပြပေးထားပါတယ်။
လာမယ့် ဇန်န၀ါရီလ ၈ ရက်နေ့မှာ သမ္မတ ပါဗက်ဇ်မူရှာရက်ဖ် ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်
နဲ့ သူ့ပါတီက သပိတ် မမှောက်ဖို့ ဆုံးဖြတ်လိုက်ပြီး ဒီကနေ့မှာပဲ မဲဆွယ်မှု တွေကို စိတ်အားထက်ထက် သန်သန်နဲ့ စတင်နေကြပါပြီ။ သူ့ရဲ့ Pakistan Muslim League-N ပါတီရဲ့ လူထုထောက်ခံမှုပိုရအောင်လို့ မစ္စတာရှရစ်ဖ် နိုင်ငံတ၀န်းမှာ မဲဆွယ်မှုခရီးစဉ် စတင်နေပါပြီ။
နိုဝင်ဘာတုန်းက သမ္မတ မူရှာရက်ဖ်က တရားသူကြီးချုပ်ကို အစားထိုးပြီး နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲကို အတိုက်အခံတွေ သပိတ်မှောက်ကြဖို့ PML-N ပါတီက ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် ပါကစ္စတန်ရဲ့ အကြီးဆုံးပါတီဖြစ်တဲ့ နောက်ထပ်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို (Benazir
Bhutto) ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီက အခွင့်အရေး တွေအားလုံးကို မစ္စတာ
မူရှာရက်ဖ်ကို ဖွင့်ပေးမယ့်အစား ဒီရွေးကောက်ပွဲမှာ သူတို့ဝင်ရောက်ယှဉ်ပြိုင်ဖို့
ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် မစ္စတာရှရစ်ဖ်ရဲ့ PML-N ပါတီလည်း အလားတူဆုံးဖြတ်
ချက်မျိုးချဖို့ ဖြစ်လာတယ်လို့ ပါတီရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် အစန် အက်ဘယ်လ် (Ahsan
Iqbal) ပြောကြားခဲ့ပါတယ်။
“ဦးစားပေးအနေနဲ့တော့ ရွေးကောက်ပွဲတွေကို အတိုက်အခံတွေအားလုံး သပိတ်
မှောက်ကြဖို့ ရည်ရွယ်တာပါ။ ဒါပေမယ့် မစ္စဘူတိုရဲ့ ပါကစ္စတန်ပြည်သူ့ ပါတီက
ကျနော်တို့နဲ့ သဘောထားခြင်း မတိုက်ဆိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က ရွေးကောက်
ပွဲဝင်မှာပါ”
မစ္စတာမူရှာရက်ဖ် ရာထူးကဖယ်ရှားခဲ့တဲ့ တရားသူကြီးချုပ်ကို ရွေးကောက်ပွဲ မတိုင်ခင် ပြန်ခန့်အပ်ပေးဖို့ PML-N ပါတီရဲ့ တောင်းဆိုချက်ကိုလည်း မစ္စဘူတို ပါတီက မထောက်
ခံခဲ့ဘူးလို့ မစ္စတာအက်ဘယ်လ်က ပြောပါတယ်။ တကယ်လို့ သာ တရားရုံးချုပ်ဟာ မစ္စတာမူရှာရက်ဖ်ရဲ့လူတွေနဲ့ အပြည့်ဆက်ဖြစ်နေမယ် ဆိုရင်တော့ ကျင်းပမယ့်
ရွေးကောက်ပွဲတွေက လွတ်လပ်မှု၊ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ PML-N ပါတီနဲ့ တခြားအတိုက်အခံပါတီတွေက ပြောနေကြတာပါ။
နိုဝင်ဘာလတုန်းကတော့ မစ္စတာမူရှာရက်ဖ်က သူ့ကိုသစ္စာရှိဖို့ ကျမ်းကျိန်ဖို့ ငြင်းဆန်
ခဲ့တဲ့ တရားသူကြီးတွေကို ရာထူးကဖြုတ်ပစ်၊ လွတ်လပ်တဲ့သတင်းဌာန တွေကိုလည်း
နှိပ်ကွပ်လို့ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဒီလို အာဏာသုံးလုပ်
ဆောင်တာဟာ ဘေးပရောဂတွေမရှိအောင် လုပ်ဆောင်တာ၊ ပြီးတော့ ပါကစ္စတန် ရဲ့အဓိကမဟာမိတ် အမေရိကန်အစိုးရ အဓိကပူပန်နေတဲ့ အကြမ်းဖက်မှုကိစ္စရပ် တိုက်ဖျက်ဖို့လုပ်ဆောင်တာလည်း ဖြစ်တယ်ဆိုပြီး မစ္စတာမူရှာရက်ဖ်က ပြောပါ
တယ်။
ဒါပေမယ့် မစ္စတာမူရှာရက်ဖ် ဒီတခေါက် သမ္မတ၀င်အရွေးခံခွင့် ရှိမရှိဆိုတာ တရားရုံး
ချုပ်က ဆုံးဖြတ်ပေးဖို့ ရက်ပိုင်းအလိုမှာပဲ တရားရုံးချုပ်အနေနဲ့ သမ္မတကို သစ္စာခံရ
မယ်လို့ တောင်းဆိုခဲ့တာကို ပါကစ္စတန် နိုင်ငံရေးအကဲခတ် တွေက ထောက်ပြကြ
ပါတယ်။
အမေရိကန်အစိုးရကတော့ ပါကစ္စတန်နိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီး
စိတ်ပျက်မိကြောင်း အထပ်ထပ်ပြောကြားပါတယ်။ နိုင်ငံကအရေးပေါ်အခြေအနေကို
ဖယ်ရှားပေးဖို့ သတင်းမီဒီယာနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို ထိန်းချုပ်မှုတွေ
မလုပ်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းပါတယ်။
သမ္မတမူရှာရှက်ဖ်ကလည်း ဒီဇင်ဘာ ၁၅ ကျရင် နိုင်ငံရဲ့အရေးပေါ်အခြေအနေ
ထုတ်ပြန်ချက်ကို ရုပ်သိမ်းပါမယ်။ သူက အခုထိ အတိုက်အခံတွေကို နှိပ်ကွပ်မှုတွေ ဆက်လုပ်နေပေမယ့်လည်း ရွေးကောက်ပွဲကိုတော့ လွတ်လွတ်လပ်လပ် နဲ့ တရား
မျှမျှတတ ကျင်းပပေးပါမယ်လို့ ပြောနေပါတယ်။
ပါကစ္စတန်နိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲကို ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်ရဲ့
ပါတီဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် ဇန်န၀ါရီလ ရွေးကောက်ပွဲ
အတွက် မဲဆွယ်မှုတွေ စတင်လုပ်ဆောင်နေပါပြီ။