သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံထားရသော မြန်မာသင်္ဘောသားများပါဝင်သည့် ဂျပန်သင်္ဘောကို အမေရိကန်ရေတပ် ကယ်တင်ရန်ကြိုးစား


အာဖရိကတိုက် ဆိုမာလီယာကမ်းရိုးတန်းမှာ အောက်တိုဘာလကတည်းက ပင်လယ်
ဓားပြတွေ ပြန်ပေးဆွဲခံထားရတဲ့ ဂျပန်ကုန်ပစ္စည်းတင်သင်္ဘောကို ကယ်တင်ဖို့
အမေရိကန် စစ်ရေယာဉ်တွေက ဝိုင်းထားပြီး ရေယာဉ်ဝန်ထမ် တွေကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီသင်္ဘောပေါ်မှာ မြန်မာသင်္ဘော သားတွေလည်း ပါပါတယ်။ နောက်ဆုံးအခြေအနေသိရအောင် ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနကို ဆက်သွယ်
မေးမြန်းပြီး ဦးရော်နီငြိမ်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က စင်ကာပူကနေ အစ္စရေးနိုင်ငံကို ခုတ်
မောင်းနေတဲ့ ဂျပန်နိုင်ငံက ဓာတုဗေဒကုန်ပစ္စည်းတင်သင်္ဘောကြီး Golden Nori ဟာ
အာဖရိကတိုက် ဆိုမားလီးယားနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ နိုင်ဂျီးရီးယား စစ်
ဝတ်စုံတွေဝတ်ဆင်ထားတဲ့ ပင်လယ်ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး မြန်မာသင်္ဘောသား ၁၂ ယောက်အပါအဝင် ရေယာဉ်ဝန်ထမ်း ၂၃ ယောက်ဟာ
ဓားစာခံတွေအဖြစ် ဖမ်းဆီးထားခြင်း ခံနေရပါတယ်။ ပင်လယ်ဓားပြတွေက
အမေရိကန်ဒေါ်လာ ၁ သန်းပေးမှ Golden Nori သင်္ဘောကြီးနဲ့တကွ ရေယာဉ်ဝန်ထမ်း
တွေကို ပြန်လွှတ်ပေးမယ်လို့ သင်္ဘောပိုင်ရှင် ဂျပန်ကုမ္ပဏီကို မနေ့က တောင်းဆိုခဲ့
ပါတယ်။

ဒီကနေ့မှာတော့ အဲဒီ Golden Nori ကုန်တင်သင်္ဘောကြီးကို အမေရိကန်ရေတပ် စစ်ရေ
ယာဉ်တွေက ဝိုင်းထားလိုက်ပြီး ဒီကုန်သင်္ဘောကြီးဆီကို တခြား ဘယ်သင်္ဘောမှ မချဉ်း
ကပ်နိုင်အောင် ရေကြောင်းလမ်းတွေကို အမေရိကန်စစ်သင်္ဘော ၂ စီးက ပိတ်ဆို့ထား
လိုက်ပါတယ်။ Golden Nori သင်္ဘောကြီးနဲ့ မြန်မာသင်္ဘောသားတွေရဲ့ နောက်ဆုံး
အခြေအနေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာဖရိကဗျူရို အမှတ် ၂ ရဲ့ ဆိုမာလီယား
ရေးရာတာဝန်ခံ မစ္စတာ မစ်ဆူဟီရို ကိုဘာရာရှီ (Mitsuhiro Kobayashi) က ဗွီအိုအေ
ကို အခုလိုပြောပြခဲ့ပါတယ်။

“Golden Nori ဓာတုဗေဒကုန်တင်သင်္ဘောကြီးကို အမေရိကန်စစ်ရေယာဉ် တွေက
ဝိုင်းထားတယ်ဆိုတာ မှန်ကန်တယ်” လို့ မစ္စတာကိုဘာရာရှီက ပြောပြသွားပြီး လုံခြုံ
ရေး အခြေအနေအရ အမေရိကန်စစ်သင်္ဘောတွေရဲ့ နာမည်ကို သူမပြောပြနိုင်ဘူးလို့
ဆိုပါတယ်။

“ပင်လယ်ဓားပြတွေနဲ့ ဒီကုန်တင်သင်္ဘောကြီးရဲ့ ပိုင်ရှင်ကြားမှာ အပေးအယူ ညှိနှိုင်းမှု
တွေ တစုံတရာရှိခဲ့ပေမယ့်လည်း အဲဒီကိစ္စမှာ ဂျပန်အစိုးရအနေနဲ့ ဘာမှ ပါဝင်ပတ်
သက်ခြင်းမရှိဘူး” လို့လည်း မစ္စတာကိုဘာရာရှီက ရှင်းပြသွားတာပါ။

“Golden Nori သင်္ဘောကြီးပေါ်က မြန်မာသင်္ဘောသား ၁၂ ယောက်ဟာ အခုချိန်မှာ ဘေးမသီရန်မခဘဲ ရှိနေတဲ့အကြောင်း” မစ္စတာကိုဘာရာရှီက ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG