သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရန် မစ်ချ်မက်ကောနဲလ် တိုက်တွန်း


အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ်
မက်ကောနဲလ် (Mitch McConnell) က မြန်မာပြည်
အရေးနဲ့ပတ်သက်လို့ မေ့လျော့မနေတဲ့အကြောင်း
နဲ့အမေရိကန်ပြည်ထောင်စုက မြန်မာပြည်မှာ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပေါ်ထွန်းလာဖို့ ကြိုးပမ်း
နေတဲ့အကြောင်း မနေ့ကကျရောက်တဲ့ လူ့အခွင့်
အရေးနေ့မှာ အားပေးစကား ပြောဆိုသွားခဲ့ပြီး
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူဆောင်
ရွက်မှုတွေလုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါ
တယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားရေးအတွက် ကြိုးပမ်းမှုတွေကို အမေရိကန်ပြည်ထောင်စုက မေ့လျော့မထားသလို မြန်မာစစ်အစိုးရက နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေကိုလည်း မျက်ခြည်မပြတ်ရှိနေတဲ့အကြောင်း ဆီးနိတ်လွှတ်
တော်အမတ် မစ်ချ် မက်ကောနဲလ်က အမေရိကန်ဆီးနိတ်လွှတ်တော်မှာ မနေ့က
ကျင်းပတဲ့ လူ့အခွင့်အရေးနေ့မှာ ပြောဆိုသွားခဲ့တာပါ။ ပြီးခဲ့တဲ့လအနည်းငယ်က
ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီလိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေကို သွေးထွက်
သံယို နှိမ်နင်းခဲ့တာတွေကို ပြန်ပြောင်းပြောဆိုရင်း လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့
မြန်မာနိုင်ငံက အခြေအနေတွေကို အလေးထားအာရုံစိုက်ဖို့လည်း သူကတိုက်တွန်း
လိုက်ပါတယ်။ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့
ပြောဆိုရာမှာတော့ …
“အမေရိကန် ဆီးနိတ်လွှတ်တော်က မေ့လျော့မထားပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးစကားပြောဆိုမှုတွေ ကြိုးစားပမ်းစား လုပ်နေပါတယ်ဆိုပြီး နအဖက ကျနော်
တို့ကို အရူးလုပ်လို့မရပါဘူး။ ဒီလိုပဲ မြန်မာပြည်သူတွေနဲ့ ကမ္ဘာကိုလည်း လှည့်ဖျားလို့
မရပါဘူး” လို့ သူကပြောသွားတာပါ။

မြန်မာစစ်အစိုးရကတော့ မကြာသေးခင်ကပဲ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ပြီး
သူတို့ရဲ့ ဒီမိုကရေစီရေး လမ်းပြမြေပုံကနေ အပြောင်းအလဲလုပ်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုထားတာပါ။ ဒီလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်တဲ့အကြောင်းလည်း မစ္စတာ မက်ကော
နဲလ်က တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် စစ်လက်နက်ရောင်းချမှုတွေကို
တားမြစ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စဉ်းစားသင့်တယ်လို့်လည်း သူက တိုက်တွန်းသွားတာပါ။ မြန်မာစစ်အစိုးရအနေနဲ့ စစ်လက်နက်တွေကို လူထုကိုဖိနှိပ်ဖို့
အသုံးချနေတာကြောင့် အခုလို တိုက်တွန်းရတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“မြန်မာနိုင်ငံဟာ ပြည်ပက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ စစ်လက်နက်တွေကို နိုင်ငံကိုကာကွယ်ဖို့လည်း အသုံးပြုနေတာမဟုတ်ဘဲ အာဏာ
ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ လူထုကို ဖိနှိပ်ရာမှာ အသုံးပြုနေတာပါ” လို့ သူက
ပြောသွားတာပါ။

ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော်က မြန်မာစစ်အစိုးရ
အပေါ် နောက်ထပ်ဒဏ်ခတ် အရေးယူမှုတွေလုပ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါ
တယ်။ မနေ့က မိန့်ခွန်းနိဂုံးချုပ်အနေနဲ့ကတော့ မကြာသေးခင်က သံဃာတော်တွေ
ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ ရှေ့တန်းကပါဝင်ခဲ့ကြသူတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့
ရာမှာတော့ …

“ဒီကနေ့ လူ့အခွင့်အရေးနေ့မှာ သူတို့တတွေကို မမေ့သင့်ကြောင်း၊ သူတို့တတွေရဲ့
ကြိုးပမ်းမှုတွေကို မမေ့ကြောင်း ပြသကြပါစို့” လို့ မစ္စတာ မစ်ချ်မက်ကောနဲလ်က
လူ့အခွင့်အရေးနေ့ အမေရိကန် ဆီးနိတ်လွှတ်တော်မှာ တိုက်တွန်းပြောဆိုသွားခဲ့
ပါတယ်။

XS
SM
MD
LG