သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံ ပထမဆုံးအကြိမ် ကုန်တင်ရထားထွက်ခွာ


နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ခွဲခြားဆက်ဆံခံထားရ
တဲ့ ကိုရီးယားနှစ်နိုင်ငံအကြား ပုံမှန်ကုန်တင်ရထားခရီး
စဉ်ကို ပထမဆုံးအကြိမ်အဖြစ် ပြန်စတင်ပြီဖြစ်ပါတယ်။
ရထားက တောင်ကိုရီးယားနိုင်ငံ ပါဂျူးမြို့က စတင်ထွက်
ခွာပြီး တနေ့မှာ ခရီးသည်တွေကိုလည်း တင်ဆောင်နိုင်
လိမ့်မယ်လု့ိ တောင်ကိုရီးယားက မျှော်လင့်ထားပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် Kurt Achin သတင်းပေးပို့ထားတာကို ဦးကျော်ဇော်ညွန့်က တင်ပြထားပါတယ်။

ဒိုရာဆန်ဘူတာဟာ တောင်ကိုရီးယားနယ်မြေအတွင်းက နောက်ဆုံးဘူတာဖြစ်ပြီး
ရထားဟာ စစ်မဲ့ဇုန်ဒေသကိုဖြတ်ကျော်ကာ မြောက်ကိုရီးယားကို ခရီးဆက်မှာဖြစ်ပါ
တယ်။ တင်လာတဲ့ကုန်တွေကတော့ မြောက်ကိုရီးယားရဲ့ ပျက်စီးနေတဲ့လမ်းတွေ၊ အခြေခံအဆောက်အဦတွေကို ပြင်ဆင်နိုင်ဖို့ ဧရာမကျောက်တုံးကျောက်ခဲကြီးများ
ဖြစ်ကြပါတယ်။

ခရီးစဉ်အတွက် ကိုရီးယားအမျိုးသားရထားလုပ်ငန်းဥက္ကဋ္ဌ လီချွမ်းက အခုခရီးစဉ်ဟာ အထူးမစ်ရှင်ဖြစ်တဲ့အတွက် သတိချပ်ပြီး အလုပ်လုပ်ကြဖို့ အလုပ်သမားတွေကို တိုက်တွန်းပြောဆိုပါတယ်။ အခုရထားခရီးစဉ်ဟာ မြောက်ကိုရီးယားနယ်မြေထဲကို
ကီလိုမီတာ ၂၀ အထိဝင်ရောက်ကာ ပစ္စည်းချပြီး တောင်ကိုရီးယားဘက်ကို ပြန်မှာ
ဖြစ်ပါတယ်။

အခုကုန်တင်ရထားခရီးစဉ်ဟာ ကိုရီးယားနှစ်နိုင်ငံအကြားမှာ ၅၇ နှစ်အတွင်း ပထမ
ဆုံးအကြိမ် ပြန်စတဲ့ခရီးဖြစ်ပါတယ်။ ၁၉၅၀ ခုမှာ မြောက်ကိုရီးယားက တောင်ကိုရီး
ယားကို ဝင်ရောက်ကျူးကျော်ပြီးတဲ့နောက် ဖြစ်ပွားတဲ့စစ်ပွဲဟာ အခုထိ တရားဝင်
စစ်ပြေငြိမ်းမှု မရရှိသေးတဲ့အတွက် စစ်ဖြစ်နေဆဲလို့ပဲ ပြောဆိုနိုင်ပါတယ်။ ၁၉၅၃
ခုနှစ်မှာ ယာယီအပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။

၂၀၀၀ ခုကပြုလုပ်တဲ့ သမိုင်းဝင် နှစ်နိုင်ငံထိပ်သီးစည်းဝေးပွဲပြီးချိန် နောက်ပိုင်းက
စပြီး နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးလာပါတယ်။ တောင်ကိုရီးယားသမ္မတ ရိုမွန်ဟွန်း
(Roh Moo-hyun) နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် (Kim Jong Il)
တို့ရဲ့ အောက်တိုဘာထိပ်သီးညီလာခံရဲ့ ရလဒ်အဖြစ်နဲ့ ဒီကုန်ရထားလမ်းသစ် ပေါ်ထွက် ခဲ့ခြင်းဖြစ်ပါတယ်။ ကုန်တင်ရထားရဲ့ အဓိကတာဝန်ထဲက တခုကတော့ တောင်ကိုရီး
ယားက တည်ဆောက်ပြီး စီမံခန့်ခွဲပေးသွားမယ့် စက်မှုရပ်ကွက်တခုကို မြောက်ကိုရီး
ယားရဲ့ ကေဆွန်း (Kaesong) မြို့မှာ တည်ဆောက်ပေးဖို့ ပစ္စည်းတွေ ပို့ဆောင်ရေးပဲ
ဖြစ်ပါတယ်။ ဒီကေဆွန်းစီမံချက်ဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးရဲ့ အထွတ်
အထိပ် အောင်မြင်မှုတရပ်ဖြစ်တယ်လို့ တောင်ကိုရီးယားက မြင်တွေ့ထားပါတယ်။

တောင်ကိုရီးယားကဖွင့်လှစ်မယ့် အဲဒီစက်မှုရပ်ကွက်အတွက် မြောက်ကိုရီးယားဘက်
က အလုပ်သမားပေါင်း နှစ်သောင်းကျော်ဟာ သာမန်သုံးစွဲမယ့်ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးရမယ့်အတွက် အလုပ်ရရှိကြမှာ ဖြစ်ပါတယ်။ မီးရထားလက်မှတ်စစ်
တဦးဖြစ်တဲ့ ကင်ဂျေကွန်းက ရထားမထွက်ခင်မှာ သတင်းထောက်တွေကို တောင်ကို
ရီးယားအရာရှိတွေ ပြောတဲ့အတိုင်းပဲ ဒီခရီးစဉ်ဟာ ရေရှည်မျှော်မှန်းချက်ထားရှိတဲ့
ခရီးစဉ်တခုဖြစ်တယ်လို့ ပြောကြားပါတယ်။

ကင်က အခုတော့ နှစ်နိုင်ငံအကြား ဖြတ်ကျော်နေတာ ကုန်ရထားတွေပဲရှိပါသေး
တယ်။ ဒါပေမယ့် မကြာခင် ခရီးသည်တင်ရထားတွေ ပေါ်လာလိမ့်မယ်လို့ သူ မျှော်လင့်
တဲ့အကြောင်း၊ အဲဒီလို ကိုရီးယားလူမျိုးတွေ အပြန်အလှန် ခရီးသွားလာခြင်းအားဖြင့် ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဟာ ပိုမိုမြန်ဆန်သွားလိမ့်မှာဖြစ်တယ်လို့
ကောက်ချက်ချ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG