သုံးရလွယ်ကူစေသည့် Link များ

မြန်မာပြည်နှင့်ပတ်သက်၍ မစ္စတာပင်ညဲရိုး လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာ တင်သွင်းတော့မည်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးစုံစမ်းစစ်ဆေးသူ ပါမောက္ခ ပေါ်လို
ဆာဂျီယို ပင်ညဲရိုး ဒီနေ့ ဂျီနီဗာမှာရှိတဲ့ လူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်လို့ အစီရင်ခံတင်ပြ
ဖို့ရှိပါတယ်။

မစ္စတာပင်ညဲရိုးဟာ ပြီးခဲ့တဲ့လက မြန်မာ
နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ
မှာ သံဃာထုနဲ့ လူထုရဲ့လှုပ်ရှားမှုတွေကို
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံး နှိမ်နင်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ လူ့ အခွင့်အရေးအခြေအနေကို သွားရောက်
စုံစမ်းခဲ့တာလည်း ဖြစ်ပါတယ်။ လေးနှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပြန်ပြီးသွားရောက်ခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံခရီးစဉ်ကအပြန် သတင်း
စာရှင်းလင်းပွဲမှာတော့ မြန်မာစစ်အစိုးရဘက်က အသိအမှတ်ပြုတဲ့ ဆန္ဒပြပွဲတွေမှာ
သေဆုံးခဲ့တဲ့ လူစာရင်းနဲ့ပတ်သက်လို့ မစ္စတာပင်ညဲရိုးက အခုလို ပြောသွားခဲ့ပါတယ်။

မြန်မာစစ်အစိုးရ အသိအမှတ်ပြုထားတဲ့ ဒီအရေးအခင်းအတွင်းမှာ သေဆုံးခဲ့တဲ့
အရေအတွက်က ၁၄ ယောက်ရှိတယ်လို့ မစ္စတာပင်ညဲရိုးက ပြောသွားခဲ့တာပါ။
ဒါပေမယ့်လည်း အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ မစ္စတာပင်ညဲရိုးက အမှန်တကယ်သေဆုံးခဲ့တဲ့အရေအတွက်က ၃၁ ယောက်ရှိပါတယ်လို့ ပြောဆိုပါတယ်။ စစ်အစိုးရဘက်က အသိအမှတ်ပြုထားတဲ့ စာရင်းနဲ့ ၂ ဆကျော်ပိုများနေတာ တွေ့ရ
ပါတယ်။ မစ္စတာပင်ညဲရိုးက သေဆုံးခဲ့တဲ့လူတွေ၊ ထိခိုက်ဒဏ်ရာရတဲ့လူတွေနဲ့ပတ်
သက်လို့ မြန်မာစစ်အစိုးရအနေနဲ့ မှန်ကန်တိကျတဲ့စာရင်းတွေပေးဖို့၊ ပြောဖို့လိုအပ်
တယ်လို့လည်း ပြောပါတယ်။ ယုံကြည်စိတ်ချရတဲ့သတင်းတွေကို ကိုးကားပြီး ပြီးခဲ့တဲ့ အရေးအခင်းကာလအတွင်းမှာ သေဆုံးခဲ့သူတွေကို စစ်တပ်က ဆန်အိတ်တွေ၊ ပလတ်စတစ်အိတ်တွေနဲ့ထည့်ပြီးတော့ မနက်စောစော မီးသင်္ဂြိုဟ်ခဲ့တယ်ဆိုတဲ့
သတင်းတွေကိုလည်း မစ္စတာပင်ညဲရိုးက ပြည်ပသတင်းဌာနတွေကို ပြန်ပြီး ပြောဆို
ခဲ့ပါတယ်။

မြန်မာနိုင်ငံကိုသွားခဲ့တဲ့ခရီးစဉ်အတွင်း အကျဉ်းထောင်ထဲမှာ ရှစ်လေးလုံး မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျနဲ့ ကိုသန်းတင်၊ နောက် သတင်းစာဆရာကြီး
ဦးဝင်းတင်တို့ကို မစ္စတာပင်ညဲရိုး တွေ့ဆုံခဲ့ပါတယ်။

မစ္စတာပင်ညဲရိုးရဲ့ အစီရင်ခံစာ ဒီနေ့ ဂျီနီဗာ လူ့အခွင့်အရေးကောင်စီကို တင်ပြမှာ
ဖြစ်ပါတယ်။

XS
SM
MD
LG