သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရာထူးသက်တမ်းကုန်ပြီးနောက် မစ္စတာပူတင် ဝန်ကြီး ချုပ်အဖြစ် ဆက်ရှိနေဦးမည်


ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) အနေ
နဲ့ လာမယ့်မတ်လ သမ္မတရွေးကောက်ပွဲတွေပြီးရင်
ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသင့်တဲ့အကြောင်း မစ္စတာပူတင်ကိုယ်တိုင် လက်ခံခဲ့ပြီး သူ့နေရာကို
ဆက်ခံမယ့် သမ္မတသစ်က ပြောဆိုလိုက်ပါတယ်။
ပထမ ဒုတိယ ဝန်ကြီးချုပ် ဒီမိထရီ မက်ဒ်ဗီဒက်ဗ်
(Dmitry Medvedev) က ရုပ်မြင်သံကြားမိန့်ခွန်းမှာ
ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်တာပါ။ သမ္မတပူတင်
က သမ္မတသစ်အဖြစ် သူ့ကိုလက်ခံအတည်ပြုပေးခဲ့ပြီး နောက်တရက်မှာ အခုလိုပြောဆိုလိုက်တာလည်း ဖြစ်
ပါတယ်။

ရွေးကောက်ပွဲတွေ ပြီးဆုံးသွားရင်လည်း ရုရှားနိုင်ငံအနေနဲ့ မစ္စတာပူတင်ရဲ့ မူဝါဒတွေ
ကို ဆက်ပြီးလိုအပ်နေလိမ့်ဦးမယ်လို့လည်း မစ္စတာ မက်ဒ်ဗီဒက်ဗ်က ပြောဆိုလိုက်ပါ
တယ်။ သမ္မတသက်တမ်း ၂ ဆက် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာပူတင်အနေနဲ့ ရုရှား
နိုင်ငံရဲ့ အခြေခံဥပဒေအရ နောက်ထပ် သမ္မတသက်တမ်း တာဝန်ထမ်းဆောင်ခွင့် မရှိ
တော့ပါဘူး။

ဒါပေမယ့်လည်း သူ့အနေနဲ့ လက်ရှိရာထူးက ဆင်းပေးပြီးတဲ့နောက် အာဏာရှိတဲ့ကဏ္ဍ
က ဆက်လက်ပါဝင်ဖို့ စိတ်ဝင်စားကြောင်းလည်း ပြောဆိုခဲ့တာပါ။ သမ္မတအသစ်အဖြစ်
ဆက်ခံမယ့် မစ္စတာ မက်ဒ်ဗီဒက်ဗ်ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၀၀ က မစ္စတာပူတင်ရဲ့ မဲဆွယ်ပွဲမန်နေဂျာအဖြစ် တာဝန်ယူခဲ့ဘူးသူဖြစ်ပြီး မစ္စတာပူတင်ရဲ့ မဟာမိတ်ဟောင်း
လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG