မြို့ တော် အယ်ဂျာ Algiers မှာ ဖြစ်ပွါးတဲ့ ဒီပေါက်ကွဲမှုကြောင့် ၂၆ ဦးထက်မနဲ သေဆုံးခဲ့ ပြီး ၁၇၇ဦး ဒဏ်ရာရခဲ့ တယ်လို့ အယ်ဂျီးရီးယားအာဏာပိုင်တွေက ပြောပါတယ်။။
ဆေးရုံအာဏာပိုင်တွေကတော့ သေဆုံးသူအရေအတွက်ဟာ ခြောက်ဆယ်ထက်ပိုတယ်လို့  ပြောပါတယ်။ သေဆုံးဒဏ်ရာရသူတွေထဲမှာ အခြေခံဥပဒေဖွဲ့ စည်းရေးဆိုင်ရာတရားရုံး အဆောက်အဦးနားမှာ ရှိတဲ့ ကျောင်းကားပေါ်ကကျောင်းသားတွေလည်းပါပါတယ်။
ပေါက်ကွဲမှုကြောင့် UNDP ကုလသမဂ္ဂဖွံ့ ဖြိုးရေးအစီအစဉ်ရုံးနဲ့  UNHCR ရုံးတွေမှာလည်းပျက်စီး မှုတွေရှိခဲ့ပါတယ်။ အယ်ဂျီးရီးယားပြည်ထဲရေးဝန်ကြီးက ဒီတိုက်ခိုက်မှုအတွက် အသေခံဗုံးခွဲ့ သမား တွေမှာ တာဝန်ရှိတယ်လို့  ပြောပါတယ်။
ကုလသမဂ္ဂ ၀န်ထမ်းလေးဦးထက်မနဲသေဆုံးပြီးဆယ့်လေးဦးပျောက်ဆုံးနေတယ်လို့  ကုလသမဂ္ဂ ပြောခွင့်ရ မာရီးအိုကဘေးက ပြောပါတယ်။