သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားတွေကို စစ်တဲ့ ဗွီဒီယိုခွေဖျက်ဆီးမှု စီအိုင်အေအကြီးအကဲ စစ်ဆေးခံနေရ


အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ စီအိုင်အေ အကြီးအကဲဟာ အကြမ်းဖက်သမားလို့ သံသယရှိသူတွေအပေါ် စစ်ဆေးတဲ့ ဗွီဒီယိုတိပ်တွေကို ဖျက်ဆီးခဲ့တာနဲ့ပတ်သက်ုလို့ အမေရိကန် လွှတ်တော်မှာ ဒုတိယနေ့အဖြစ် သက်သေထွက်ဆိုပါတယ်။

စီအိုင်အေ ဒါရိုက်တာ မိုက်ကယ်လ် ဟေဒန် Michael Hayden ဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အမေရိကန် လွှတ်တော် ထောက်လှမ်းရေးကော်မတီရှေ့မှောက် တံခါးပိတ်ကြားနာပွဲမှာ သက်သေထွက်ဆိုပါတယ်။ ဟေဒန်ဟာ အဂါၤနေ့က အထက်လွှတ်တော် ထောက်လှမ်းရေးကောမတီရှေ့မှောက်မှာ သက်သေထွက်ဆိုခဲ့ပါတယ်။

အဂါၤနေ့က အထက်လွှတ်တော်မှာ သက်သေထွက်ဆိုအပြီး မိုက်ကယ်လ် ဟေဒန်က ဗွီဒီယိုခွေတွေအဖျက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ တချို့သူတွေဟာ သူ့ထက်အများကြီးပိုပြီး သိပါတယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ သူအရင်က စီအိုင်အေအကြီးအကဲတာဝန်ယူခဲ့တဲ့ ဂျော့ချ် တန်းနက် George Tenet နဲ့ ပီတာ ဂရော့်စ် Peter Gross တို့ဟာ သူ့ထက်ပိုပြီး သိကြပါတယ်လို့ ပြောပါတယ်။

တန်းနက်ဟာ ၂၀၀၂ ခုနှစ်က အကြမ်းဖက်သမားတွေကို စစ်ဆေးတဲ့ ဗီဒီယိုတိပ်တွေ စပြီး ထုတ်လုပ်တဲ့အချိန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ ပီတာ ဂရော့်စ်ကတော့ တိပ်တွေကို ဖျက်ဆီးတဲ့ ၂၀၀၅ ခုနှစ်မှာ စီအိုင်အေ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပါတယ်။

အခုလို ဗွီဒီယိုတိပ်တွေကို ဖျက်သိမ်းတာဟာ အကြမ်းဖက်သမားတွေကို စစ်ဆေးတဲ့သူတွေကို ဘယ်သူဘယ်ဝါဆိုတာ မသိအောင် ဖျောက်ဖျက်တာလို့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းကပဲ စီအိုင်အေဒါရိုက်တာ ဟေဒန်က စီအိုင်အေ အဖွဲ့က
ဝန်ထမ်းတွေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG