သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပြောင်းလဲမှု အမေရိကန်မှာ မူအားဖြင့် တာဝန် ရှိကြောင်း ဒုသမ္မတဟောင်း Al Gore က ဝေဖန်ပြောဆို


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကုလသမဂ္ဂက ဦးစီးပြုလုပ်နေတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံက တိုးတက်မှုကို အဟန့်အတား ဖြစ်နေတာဟာ အမေရိကန်မှာ မူဝါဒအားဖြင့် တာဝန်ရှိ တယ်လို့ အမေရိကန် ဒုတိယ သမတဟောင်း Al Goreက ပြောဆိုလိုက်ပါတယ်။ အမေရိကန် မပါဘဲ ရှေ့ဆက်လုပ်ကြပါ။ သဘောတူညီမှုကို ရယူကြပါလို့ AL Gore က ညီလာခံ ကိုယ်စားလှယ်များကို တိုက်တွန်းသွားပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရ Dana Perino ကတော့ မစ္စတာဂိုးရဲ့ ပြောကြားချက်ဟာ အပြုသဘော မဆောင်ဘူးလို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

ဘာလီ ညီလာခံ တက်ရောက်နေတဲ့ အီးယူဥရောပ သမဂ္ဂနဲ့ နိုင်ငံ (၁၉၀)ထဲက အများစုကတော့ စက်မှုထွန်းကားနိုင်ငံ အများစုအနေနဲ့ကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု (၂၅)ရာခိုင်နှုန်းကနေ (၄၀)ရာခိုင်နှုန်းအထိ လျော့ချဖို့ တိုက်တွန်းနေကြပါတယ်။ ရှေ့လ ဝါရှင်တန်မှာ အမေရိကန်မှာ ကြီးမှူးကျင်းပမယ့် ရာသီဥတုဆွေးနွေးပွဲကို သပိတ်မှောက်ဖို့ အီးယူက ချိန်းခြောက်နေပါတယ်။

၂၀၀၇ခု နှစ်ကုန်ဆုံးတဲ့ ဆယ်စုနှစ်အတွက် မှတ်တမ်းတင်လာခဲ့တဲ့ ကာလတလျောက်လုံး ဒီနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်ဖြစ်တယ်လို့ ကုလသမဂ္ဂ မိုးလေဝသ အေဂျင်စီ အစီရင်ခံစာသစ်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ဂျီနီဗာအခြေစိုက် WMO ခေါ် မိုးလေဝသ အဖွဲ့ချုပ်က ကမ္ဘာ့ ဒေသတိုင်းမှာ ရာသီဥတု ပုံစံတွေ ပြောင်းလဲနေတယ်။ မကြုံစဖူး တွေအများအပြားနဲ့ လည်း ရင်ဆိုင်နေရ တယ်လို့လည်း ကြေညာပါတယ်။ WMOရဲ့ကမ္ဘာ့ရာသီဥတုအစီအစဉ် အကြီးအကဲ Omar Baddour ကဥရောပမှာ အပူဆုံးဆောင်းရာသီနဲ့ ကြုံရပြီး သြစတေးလျနိုင်ငံမှာ အအေးဆုံးဇွန်လကို မှတ်တမ်းတင်ခဲ့ရတယ်။ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတို့မှာ မိုးခေါင်တဲ့နေရာ၊ ရေကြီးတဲ့နေရာတွေ ရှိနေပါပြီလို့ဆိုပါတယ်။

XS
SM
MD
LG