သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကြက်ငှက်တုတ်ကွေးရောဂါ ပထမဆုံး လူတွင် ဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အတည်ပြု


မြန်မာနိုင်ငံမှာ ကြက်ငှက်တုတ်ကွေးရောဂါ ပထမဆုံး လူမှာဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေး
ဝန်ကြီးဌာနရဲ့ အခြေခံသတင်းအချက်အလက်တွေအရ ရောဂါဖြစ်ပွားသူဟာ ရှမ်းပြည်နယ်အရှေ့ဖက်က အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့လက အဲဒီဒေသမှာရှိတဲ့ မွေမြူရေးခြံအတွင်း H5N1 ဗိုင်းရပ်စ် ရောဂါပိုး ပျံနှံ့ရာကနေ ကူးစက်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ မိန်းကလေးငယ်ဟာ ရောဂါပိုး ကူးစက်ခံရပေမယ့် အသက်အန္တရာယ်က ကင်းလွတ်ခဲ့ပါတယ်။ အရှေ့ အာရှမှာရှိတဲ့ နိုင်ငံ ၇ ခုမှာ သေဆုံးနိုင်တဲ့ H5N1 ရောဂါပိုးဟာ လူသားများမှာဖြစ်ပွားတယ်ဆိုတဲ့အချက် ခိုင်ခိုင်လုံလုံ ရရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံဟာ ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံ နှစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ဒီရောဂါကြောင့် နိုင်ငံ ၁၃ နိုင်ငံအတွင်း စုစုပေါင်း သေဆုံးသူ ၂၀၀ ထက်မနဲ ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG